ပြည်ရွှေမြန်မာဖြစ်ဖို့ မဖြစ်မနေဆောင်ရွက်ရမဲ့ ငြိမ်းချမ်းရေးတည်ဆောက်နည်း အပိုင်း(၁) + (၂)
From : ..Jing Hpaw Landလက်ရှိအခြေအနေမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးနည်းပါးနဲ့ အပစ်အခတ်ရပ်စဲဘို့အတွက် MPC (Myanmar Peace Center) က ဦးဆောင်ဦးရွက်ပြုပြီး လုပ်နေတာအတော်လေးခရီးရောက် နေတာမြင်တွေ့နေရပါတယ်။ မြန်မာပြည်ငြိမ်းချမ်းရေးရဖို
တစိုက်မတ်မတ်ဆောင်ရွက်ခဲ့တဲ့ ရည်ရှည်လုပ်ငန်းကြီးတစ်ခုပါ။ ယခင်တပ်မတော်အစိုးရ လက်ထက်တုန်းက လက်နက်ကိုင်အဖွဲ့အစည်းကြီး (၁၇) ဖွဲ့နဲ့ ငြိမ်းချမ်းရေးရရှိခဲ့ပါတယ်။
အခု ဒီမိုကရေစီအစိုးရသစ် လက်ထက်မှာလဲ တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ အဆင့်ဆင့်ငြိမ်းချမ်းရေး လုပ်ငန်းတွေဆောင်ရွက်နေတာကို တွေ့မြင်
ရမှာဖြစ်ပါတယ်။
ဒါဆိုရင် မြန်မာပြည်တစ်ကယ်အေးချမ်တော့မှာ
ဒီနေရာမှာ ကျွန်တော်တို့ နောက်ကြောင်းကို ပြန်ကြည့်ဖို့ အတိတ်ကို ပြန်တွေးဖို့ လက်နက် ကိုင်အဖွဲ့အစည်းတွေဟာ ဘာကြောင့်လက်နက်ကိုင်တိုက်ခိုက်
နာမည်အတပ်ခံဘဲရှိတာပါ။ဘယ်အဖွဲ
ကိုယ်ကျိုးစီးပွားရှာတယ်။ ငြိမ်းချမ်းယူပြီးတော့ရောပိုတော
KIO ငြိမ်းချမ်းရေးယူပြီးဘာလုပ်လဲ?
၁၉၉၄ ငြိမ်းချမ်းရေးယူပြီးကတည်းက ၂၀၁၁ အစိုးရတပ်တွေနဲ့ တိုက်ပွဲမဖြစ်ခင် အထိ ကချင်ပြည်နယ်မှာရှိသမျှသစ်တွေ
UWSA ငြိမ်းချမ်းရေးယူပြီးဘာလုပ်လဲ?
UWSA ဘာပြောကောင်းမလဲ၊အထက်ကနည်းလမ်း
PNO,PNA ငြိမ်းချမ်းရေးယူပြီးဘာလုပ်လဲ?
PNO, PNA ပအိုဝ့် အဖွဲ့တွေ ငြိမ်းချမ်းရေးယူပြီးတော့ ရော ဒီလမ်းစဉ်ပါဘဲ၊ PNO, PNA အမည်ခံတဲ့ ကျောက်ကုမ္ပဏီတွေ မိုင်းရှူး၊မိုးကုတ်၊ဖားကန့် ရတနာမြေတွေမှာ ထောင်တားတယ်။ ရှမ်းပြည်နယ်က ကျောက်တလုံး၊ဆီဆိုင်၊ဘန်ယဉ်၊နော
ဇော်ဝင်းထွဋ် သား အီတိုနဲ့ ပေးစားထားလိုက်သေးတယ်။
DKBA ငြိမ်းချမ်းရေးယူပြီးဘာလုပ်လဲ?
မြ၀တီ၊မဲစောက် လမ်းကို အပိုင်စီးပြီး ကြောထောင့်နောက်ခံ မတရားစီးပွားရှာတယ်။ မြ၀တီဘက်ကနေ မှောင်ခိုဝင် သမျှ ပစ္စည်းတွေရဲ့ ၉၅ % ဟာ DKBA အဖွဲ့စည်းကသွင်းတာတွေကြည့်ဘဲ၊ နောက်တစ်ခုက အဲ့ဒီလမ်းပေါ်မှာ တရားဝင် လက်နက် ကိုင်ပြီး စက်ကြေးကောက်တယ်၊မြန်မာဘက်ကနေ ထိုင်းနိုင်ငံထဲကို လူကုန်ကူးတယ်၊ သစ်ခိုးထုတ်တယ်၊ကျွဲ၊နွား မှောင်ခို လုပ်တယ်၊ သူ့တို့လိုချင်တဲ့ အခွင့်အရေးမပေးရင် တောထဲပြန်ဝင်မယ်။ ၂၀၁၀ မှာ စောလှဘွယ် တောထဲပြန်ဝင်သွားတာတဲ့ သာဓက ကိုကြည့်ရင် ဘာလဲဆိုတာ အထင်အရှားကြီးပေါ်နေတာဘဲ၊ တပ်မတော်က မိအေးနှစ်ခါ နာတယ်။
MTA,SAA နဲ့ ရှမ်းအဖွဲ့တွေရောဘာလုပ်လဲ?
SSA တောင်ပိုင် ၀မ်ဟိုင်းနဲ့ မြောက်ပိုင်း စိန်ကျော့ မှာ ၂ နေရာခွဲပြီး ပြည်သူတွေဆီက အဆီအနှစ် တွေအကုန် စုပ်တယ်၊ ရှမ်း၊ပအိုဝ့် ရွာတွေမှာ ဘိမ်းစိုက်ခိုင်းတယ်၊ ၁၂ လပိုင်းဘိမ်းရာသီဆိုရင် ဘိမ်းလိုက်သိမ်းပြီး တရုတ်နဲ့ ထိုင်းကိုပို့တယ်၊သစ်၊ခနောက်စိ
တစ်ကယ်တော့ လက်နက်ကိုင်ပြီး တိုင်းရင်းသား လူတွေရဲ့ရိုးသားမှုကို အခွင်းကောင်းယူ ကိုယ်ကျိုးရှား နေကြတာပါဘဲ၊ တိုင်းရင်းသား လူမျိုးတွေအနေနဲ့ သူတို့လူမျိုးလက်နက်ကိုင် အဖွဲ့စည်းတွေရဲ့လုပ်ရပ်နဲ့ ရည်ရွယ်ချက်ကို ဘာမှ မသိရှာဘဲ ငါတို့လူမျိုး ငါတို့ ကောင်းဖို့လုပ် နေတာပါဆိုပြီး ငါတို့ အမျိုးဆိုတဲ့ သွေးရင်းစိတ်နဲ့သာ ထောက်ခံနေကြတာဖြစ်ပါတယ်၊ ဒါတွေဟာ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့တိုင်းရင်းသား လူမျိုးတွေရဲ့ လူနေမှု အဆင့်အတန်းနဲ့ ဖွံ့ဖြိုးတိုးတက်မှု အလွန်နည်းနေသေးလို့ဘဲဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးတွေရဲ့ အတွေးအခေါ် အမျော်အမြင်နဲ့ ဘ၀တွေ ဖွံ့ဖြိုးတိုးတက်ဖို့ အလွန်လိုအပ်ပါတယ်၊ ဒါမှသာ အမှန်တရားကို နည်းလမ်း တစ်ကျတွေခေါ် ဆင်ခြင်သုံးသပ် လာနိုင်မှာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးရဖို့ဆောင်ရွက်
ရှင်းရှင်းပြောရရင်တော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဟာ စနစ်တကျဖွဲ့စည်းတည်ဆောက်ထားတာ မဟုတ်တဲ့အတွက် ထိပ်ပိုင်းခေါင်းဆောင် တစ်ယောက်ရဲ့ အာဏာနဲ့ အမိန့်ဟာ အဖွဲ့အစည်းတစ်ခုလုံးအပေါ်မှာ သက်ရောက်မှု အပြည့်အ၀ မရှိပါဘူး၊ အပေါ်က ဒါမလုပ်နဲ့လို့  အမိန့်ပေးပေမဲ့ နီးနေတဲ့သူတွေက လိုက်နာရင်တော့လိုက်နာမယ် ။ ဒါပေမဲ့ အဝေးမှာ ရှိတဲ့ လက်အောက်ကတော့ သူတစ်လူငါတစ်မင်းနဲ့ လုပ်ချင်တာ လုပ်နေပြီး နာခံချင်မှ နာခံပါလိမ့်မယ်၊ ဥပမာ တစ်ခုပြောရရင် လက်နက်ကိုင် အဖွဲ့အစည်းမှာ အင်အားအကြီးဆုံးဖြစ်ခဲ့တဲ့ ဦးခွန်ဆာ(MTA)_ လက်နက်ချ အလင်းဝင်ခဲ့ပေမဲ့ ရှမ်းသောင်းကျန်းသူ တွေ ပျောက်မသွားပါဘူး၊ သူ့နောက်က ရွက်ဆစ်က ပြန်ထွက်သွားပြီး အခုဆို RCSS၊SSA ဥက္ကဌ ဒုဗိုလ်ချုပ်ကြီးဆိုပြီးတောင် ရှမ်းပြည်တပ်မတော် ဆိုပြီး ပြန်လည်ပြီး တစ်စခန်းထ လာခဲ့တာ မြက်ဝါးထင်ထင်ဖြစ်ပါတယ်။ ကျန်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း ဒီလိုပုံစံတွေ အများကြီးရှိနေပါသေးတယ်၊
တိုတိုပြောရရင်တော့ ငြိမ်းချမ်းရေးယူလိုက် ပြန်ဝင်လိုက် ၊ ပြန်ထွက်လိုက်နဲ့ သံသရာလည် နေပြီး တစ်ကယ်ငြိမ်းချမ်းရေး အစစ်အမှန် ရမလာပါဘူး၊ လိုက်တိုက်နေရတဲ့ တပ်မတော်ရဲ့ အင်အား၊လူ၊လက်နက်၊အချိန်နဲ့ တိုင်းပြည်ရဲ့ဘဏ္ဍာတွေ ကုန်ပါတယ်၊
အခုလည်း အစိုးရသစ်အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေ အဆက်မပြတ်ဆောင်ရွက်နေတာ တွေ့မြင်ရမှာဖြစ်ပါတယ် ဒါဆိုရင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ဆိုပြီး ငြိမ်းချမ်းရေးလက်မှတ်တွေ ထိုးပြီး သွားရင် တစ်ကယ်ငြိမ်းချမ်းသွား မယ်လို့ ပြောနိုင်ပါသလား?
မေးခွန်းထုတ်စရာဖြစ်ပါတယ်?
ဒါနဲ့တင်ရပ်နေလို့ မရပါဘူး။ ဒီနေ့ ဒီစနစ်နဲ့ ဒီခေတ်မှာ မှန်ကန်တဲ့နည်းလမ်းတစ်ခုကို သေသေချာချာစဉ်းစားအသုံးပြုဖို့ အင်မတန်လိုအပ်ပါတယ်။ မုန့်လုံးကို စက္ကူကပ်နေရင်တော့ မပြီးပြတ်နိုင်တဲ့ သောင်းကျန်းသူ သူပုန်တွေ ထာဝရတိုက်နေရတဲ့ တပ်မတော်သားတွေ အတွက် မိအေးနှစ်ခါနာပါတယ်၊ တပ်မတော်သားတွေရဲ့ အသက်၊သွေး၊ချွေးတွေကို ဦးတည်ချက်နဲ့ အဓိပ္ပါယ်မဲ့လမ်းစဉ်းကို လက်ကိုင်ပြုပြီး ကိုယ်ကျိုးရှာ သောင်းကျန်းသူအဖွဲ့အစည်းတွေကို နှိမ်နှင်းဖို့ ပေးစပ်နေရရင် တိုင်းပြည်နာပါတယ်။

No comments:
Post a Comment