Thursday, September 26, 2013

ချာတူးလန် မြန်မာစစ်ကားများ



ခါင်းစဉ်ကိုကြည့်ပြီး Military Vehicles များ ( FAW, Aerolus,Lanjian) တွေကိုပြောတာ ထင်နေပါလိမ့်မယ်။ မဟုတ်ပါဘူး။ အဲ့ဒီ့ကားတွေက ချာတူးလန် အဆင့်ထက်တောင်ကျော်နေပါပြီ မဟာချာတူးလန်ဖြစ်နေပါပြီ။ အဲ ဒါပေမယ့် ကျွန်တော်ပြောမှာက War Action Movie တွေအကြောင်းပါ။


၂၀၀၀ ခုနှစ် ၀န်းကျင်က ရုံတင်ခဲ့ပြီး အော်စကာတလှေကြီး သိမ်းကြုံးယူသွားတဲ့ Saving Private Ryan ကိုရုပ်ရှင်ပရိသတ်တွေ မေ့နိုင်မယ်မထင်ပါဘူး။ မင်းသားကြီး Tom Hank ရဲ့စစ်ခေါင်းဆောင်တယောက်ရဲ့စိတ်ခံစားချက် ပေါ်လွင်တဲ့မျက်နှာသွင်ပြင်၊ သွေးချင်းချင်းနီနေတဲ့ အဂ်လိပ်ရေလက်ကြား၊ Omaha Beach၊ အတုံးအရုံးကျဆုံးနေတဲ့ အမေရိကန် မရိန်းတပ်သားတွေ၊ ရက်စက်လှတဲ့ ဂျာမန်စက်သေနတ်ကြီးတို့ကို မြင်ယောင်မိမှာဖြစ်ပါတယ်။

အမေရိကန် မရိန်းတပ်သားများကို သနားကြသည်၊ လေးစားကြသည်၊ ရန်သူဂျာမန်တို့အပေါ် ရွံမုန်းကြသည်။

ရုပ်ရှင်ကောင်းတခု၏ ရသ သာမက လူတိုင်း၏စိတ်နှလုံးတွင် စူပါပါဝါ အမေရိကန်ကိုလေးစားမိကြသည်။


ပြန်တွေးကြည့်ပါ သမိုင်းမှာတကယ်ရော ဒီလိုတွေဖြစ်ခဲ့လား။ ၁၉၄၅ ဂျာမန်တို့ အရှုံးကြီးရှုံးနေချိန် အရှေ့ဘက်မှ ရုရှတို့တင့်ကားနှင့်လိုက်ကြိတ်သလို တလှိမ့်လှိမ့်တက်လာပြီး ဂျာမန်တို့၏ တပ်မဟာများ တခုပြီး တခုပြုတ်ပြုတ်ပြုန်းနေချိန်တွင် အနောက်ဘက် အင်္ဂလိပ်ရေလက်ကြားမှ အမေရိကန် နှင့် အဂ်လိပ်တပ်များ ကမ်းတက်တိုက်ပွဲဆင်နွှဲခဲ့သည်။ D-day တွင် Omaha, Utah နှင့် ဓါးကမ်းခြေများမှ ရေကြောင်းလက်နက်ကြီးပစ်ကူ အသာစီးအင်အားနှင့်ဝင်တိုက်တော့သည်။
ထိုကမ်းခြေများမှာ ဝေးလွန်းသဖြင့် ဂျာမန်ဗိုလ်ချုပ်များမှ ထင်မထားသောနေရာဖြစ်သည်။ စစ်အင်အားကြီး မဆိုထားဘိ ခုခံကာကွယ်ရန်လေယာဉ် ၂ စီးသာထားထားသည်။ စစ်သင်္ဘောများပစ်ခတ်မှုနှင့်ပင် မြေပြင်မှာမွစာကြဲနေပြီဖြစ်သည်။ အလွယ်တကူပင်တက်သိမ်းနိုင်လေသည်။ မကျဘူးတော့မဟုတ် စစ်ပွဲစဉ်တခုလုံး စစ်သည် ၃၀၀၀ ကျော်ကျသည်။ ဒါပေမယ့် အမေရိကန်တွေပဲတော့ မဟုတ်။

အင်္ဂလိပ်တပ်တွေလဲကျသည်။ သို့သော် ရုပ်ရှင်ထဲတွင် အင်္ဂလိပ်စစ်တပ်ကို မတွေ့ရ အားလုံးအမေရိကန်တွေပဲ ဖြစ်နေသည်။

ဂျာမန်တွေဘက်က ပိုဆိုးသည် ထိုတိုက်ပွဲများတွင်ပင် မဟာမိတ်တွေကျတာထက် ၂ဆမက ကျဆုံးသည်။ ရဲဘော်မပြောနှင့် ဗိုလ်ချုပ်ပင် ၃၀ ကျော်ကျသည်။ ဘန်ကာများထဲတွင် အရှင်လတ်လတ်မီးတိုက်ခံရသည်။ ဆုတ်ခွာရချိန်တွင် ရိက္ခာပြတ်ကာ လူသားပင်စားရသည်ဟူ၏။ ထားတော့ ပြောရင်း ပြောရင်း ဘာလင်သိမ်းတိုက်ပွဲအထိရောက်သွားတော့မည်။

 ကျွန်တော်ပြောချင်တာက ဒီဇာတ်ကားနဲ့တင် အင်္ဂလိပ်တပ်များ ဒုတိယကမ္ဘာစစ်တုန်းက လုပ်ခဲ့တာတွေ သဲထဲရေသွန်ဖြစ်ရသည်။ ဗြိတိသျှရုပ်ရှင်ထုတ်လုပ်ရေးက ကန့်ကွက်သည်။ သို့သော် ဟောလိဝုဒ်က ရှင်းရှင်းပဲပြန်ပြောလိုက်သည် ငါတို့လိုရိုက်နိုင်လျှင်ရိုက် မရိုက်နိုင်လျှင် ပါးစပ်ပိတ်... ။ ရှင်းသည်။

ဒါတင်ပဲလား မဟုတ်ပါ။ အဂ်လိပ်စစ်တပ်က အမေရိကန်တို့ထက် အနာခံကာတိုက်ခဲ့သော စစ်ပွဲတွေ မနည်းပါ။ Operation Market Garden, အာလာမိန်းတိုက်ပွဲ၊ Dankisk တိုက်ပွဲ အစရှိသည်တို့မှာ ပျောက်ဆုံးနေ၏။ အင်္ဂလိပ်စစ်သားများစွာ ကျဆုံးခဲ့သည်။ နှောင်းခေတ်လူများက ဒါတွေမေ့သွားပြီ။ The Longest Day, Hamberger Hill နှင့် Band of Brother စသည် စသည် မရေမတွက်နိုင်အောင် အမေရိကန်တို့ ဟီးရိုးဖြစ်ခဲ့ကြသည်။ ထိုစစ်ကားများတွင် အင်္ဂလိပ်တပ်များမှာ ဂျစ်ကားတစ်စီးနှင့် ဆေးလိပ်သောက်နေသူများ အဖြစ်သာ ပါဝင်ခဲ့ရသည်။နောက်လူများဆိုလျှင် ဒုတိယကမ္ဘာစစ်ဆိုတာ အမေရိကန်နှင့် ၀င်ရိုးစွန်းနိုင်ငံများတိုက်ပွဲ ဟုတောင်ထင်ကြလိမ့်မည်။

အရှေ့ဘက် စစ်မျက်နှာတွင်လည်း ဂျပန်တို့ အရှုံးနှင့်ရင်ဆိုင်နေရချိန် အမေရိကန်တို့အောင်ပွဲခံနေချိန်တွင်မတော့ မှန်ပါသည်။ အမေရိကန် အထိနာခဲ့သည်။ ဂျပန်တို့၏ ခါမိကာဇီ စိတ်ဓါတ်ကို မယှဉ်နိုင်သောအခါ နောက်ဆုံးလက်နက်ထုတ်သုံးလိုက်သည်။ အနှူမြူဗုံး နှစ်လုံးကြဲချလိုက်သည်။ အေးရော။

ဂျပန်ပြည်သူများစွာသေကြေခဲ့ရသည်။ ယခုတိုင်ပင် Radiation ပြသာနာများစွာရင်ဆိုင်နေရသည်။ သို့သော် အမေရိကန် မီဒီယာများက အနှူမြူဗုံးကိုမေ့လိုက်သည်။ ဂျပန်ကို ဗီလိန်လုပ်ကာ ရိုက်ထားသော ဇာတ်ကားတွေ မနဲမနော။ Pearl Habour, Wind Talker, Bridge on river Kwai အစရှိသော နာမည်ကျော်ရုပ်ရှင်ပေါင်းစုံ ဖြင့်ဂျပန်တပ်တွေကို ဆိုးဝါးလွန်းသော စစ်ဘီလူးတွေလိုရိုက်ထားသည်။ အနှူမြူဗုံးကြဲလိုက်သည်ကပင် မှန်သလိုလို လုပ်လာသည်။

ကဲ အဖြစ်မှန်ကို ပြန်ကြည့်ရအောင် ။ ဒုတိယကမ္ဘာစစ်အတွင်း သေဆုံးသူများ (စစ်သား only) စာရင်းကိုကြည့်ပါ။

အမေရိကန်စစ်သား   လေးသိန်းခန့် (ရေတပ်အပါအ၀င်)

ဆိုဗီယက်စစ်သား     ရှစ်ဆယ့်ရှစ်သိန်း မှ တစ်ရာ့ခုနှစ်သိန်းကြား

ဂျပန်စစ်သား           နှစ်ဆယ့် ခုနှစ်သိန်းခန့်

တရုတ်စစ်သား        သိန်းသုံးဆယ်ခန့်

အင်္ဂလိပ်စစ်သား       သုံးသိန်းရှစ်သောင်းကျော်

ပြင်သစ်စစ်သား        နှစ်သိန်းခန့်

ဂျာမန်စစ်သား          ငါးဆယ့်ငါးသိန်းခန့် ဖြစ်ကြသည်။

ဒါဆို အမေရိကန်မဟုတ်တဲ့ တခြားနိုင်ငံက စစ်သားတွေကရော ဘာအတွက်သေကြရတာလဲ။ သူတို့ကကော စစ်မတိုက်ဘူးလား။ မေးစရာဖြစ်လာသည်။ မဟုတ်ပါဘူး တိုက်ခဲ့ပါတယ်။ အစာငတ်ရေငတ် ရိက္ခာပြတ်ရင်း တိုက်ခဲ့ အသက်စွန့်ခဲ့ရတာပါ။ ဒါပေမယ့် သူတို့ အသက်စွန့်ခဲ့တာကို ဖေါ်ပြမယ့်မီဒီယာ မရှိတဲ့အတွက် နောက်လူတွေက အမှုမဲ့ အမှတ်မဲ့တောင် ဖြစ်နေကြပါပြီ။                                                                                                                                       
ဒီဘက်ခေတ် ဗီယက်နမ်စစ်ပွဲ အီရတ် အာဖဂန်စစ်ပွဲများနှင့်ပတ်သက်သော စစ်ကားများကိုကြည့်ပါ။ We were soldiers, Platoon, Behind enemy line, Hurt Lockers. စသဖြင့်မရေမတွက်နိုင်သော အမေရိကန် စူပါဟီးရိုးဇာတ်ကားတွေ မနည်းပါ။ စစ်ကို စတိုက် စဗုံးကြဲ တာသူတို့ဖြစ်သော်လည်း ဇာတ်ကားတွေထဲမှာတော့ သူတို့က ကယ်တင်ရှင်ဟီးရိုးတွေဖြစ်နေသည်။


ဒါတွေကို လူတွေကလည်း သိသိကြီးနှင့်ကြည့်နေကြသည်။ အလွန်ကြည့်ကောင်းလို့ဖြစ်ပါသည်။ဒါပေမယ့် အမှားတွေ များလာတော့ အမှန်ဖြစ်လာသည်။ နောင်လာနောက်သားတွေ အားလုံး အမေရိက ကို အထင်ကြီးလာကြသည်။ အမေရိကန် လုပ်သမျှ အဟုတ်ထင်လာကြသည်။ ယခုပင် သင့်နားက တယောက်ကို မေးကြည့်ပါ။

အမေရိကန်တွေ ၀င်လာရင် ဘယ်လိုလုပ်မလဲလို့။ ဖြေပါလိမ့်မည်။ သူတို့က တိုက်တိုင်းနိုင်နေတာ အင်အားကြီးတယ် လူမလိုဘူး ဒုံးကျည်တွေပဲ လွှတ်လိုက်မှာ ကြောက်တယ်။ အစရှိသဖြင့် ဖြေကြလိမ့်မည်။ အမေရိကန်၏ ဆိုက်ဝါး လုံးဝကိုအောင်မြင်သည်။အသံကြားတာနဲ့တင်လန့်နေကြပြီဖြစ်သည်။

ကဲ ထားတော့ ဒါက အမေရိကန်ကို အပုတ်ချချင်လို့မဟုတ်။ Media ရဲ့ ကြောက်စရာကောင်းပုံကို ဖေါ်ပြတာပါ။ ကမ္ဘာ့အအောင်မြင်ဆုံး မီဒီယာ နိုင်ငံကြီးကို ဥပမာအရင်ပေးထားတာ။ ဒါဆို ကျုပ်တို့ မြန်မာနိုင်ငံကြီးကို ပြန်ကြည့်ရအောင်။

မြန်မာ့သမိုင်းမှာ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား စသဖြင့် အင်အားကြီးစစ်ဘုရင်များစွာရှိခဲ့သည်။ ယင်းတို့ အင်အားကြီးမားပုံကို နိုင်ငံခြားခရီးသွား တစ်ယောက်၏ မှတ်တမ်းတွင် "မြန်မာစစ်ဘုရင်၏ အင်အားကားကြောက်မက်ဖွယ်ကောင်းလှ၏ စစ်သည်အင်အားမဆိုထားဘိ စစ်ကြောင်းဖြင့်လိုက်ပါလာသော ခ၀ါသည် သည်ပင် သောင်းချီသည်" ဟုဖေါ်ပြထားသည်။ (ကိုးကား ရန်ကုန်ဘဆွေ- ရွှေဝါပြည်) ။

သို့သော် ယနေ့ခေတ်ကလေးများကို ကျန်စစ်သားအကြောင်းပြောပြလျှင် ပိန်ညှောင်နေသော ခနာကိုယ်နှင့် စက္ကူချပ်ဝတ် တန်ဆာများဝတ်ဆင်ကာ မဏိစနာ အား မခိုးမခန့်မထီတထီ လုပ်နေသော ရုပ်ပုံကိုသာလျှင်မြင်ယောင်ပေတော့မည်။ ထိုအပြင် စစ်ဘုရင် ဆိုသူကြီးများမှာ လူလေး ငါးမြောက် ငါးခြောက်နှင့် မြင်းပတ်စီးပြီး လူနှင့်မလိုက်သော (ပလတ်စတစ်ကြိုး နှင့်ပတ်ထားသော) လှံကိုကိုင်ထားကာ စက္ကူ ချပ်ဝတ်များ ၀တ်ထားသော လူဖလံလေးများဟုထင်မြင်လာပေတော့မည်။

ထိုထက်ဆိုးသည်ကား နန်းတော်ဆက်တင်များပင်ဖြစ်ချေသည်။ သုံးထပ်သားကို ဆေးသုတ်ကာ ထောင်ထားပြီး တက်ထိုင်နေသော ဘုရင် ဆိုသူအား မည်သို့လေးစားရမည်နည်း။ ဓါးကား ကျောက်တုံးဖြတ်ရန်ဝေးစွ အတုကြီးမှန်းသိသာနေသည်။ ကျန်ကျောင်းနှင့် ကျန်စစ်သား ချလျှင်မည်သူနိုင်မည်နည်းမေးကြည့်ပါ။ ကျန်ကျောင်းနိုင်မည်ဟု ကလေးတိုင်းကပြောကြပေမည်။

ယိုးဒယား သမိုင်းကားများကို ရှုလော့။ မြန်မာဘုရင်သည် ever ဗီလိန်ဖြစ်သည်။ ယုတ်မာကောက်ကျစ် ကူလီကူမာလုပ်သည်။ သို့သော် ယိုးဒယားဇာတ်ကားများထဲမှ မြန်မာဘုရင်သည် မြန်မာဇာတ်ကားများထဲမှ မြန်မာဘုရင်ထက် များစွာသားနားလှသည်။ စစ်သည်အင်အားများစွာ ကြောက်မက်ဖွယ်စစ်ဆင်များ စစ်မြင်းများ ကိုစီးကာ ချီတက်လာပုံမှာ များစွာအားကျဖွယ်ကောင်းလှချေ၏။ ကြံဖန်ကာ ဂုဏ်ယူမည်ဆိုလျှင်တော့ ဂုဏ်ယူစရာပင်။ တို့ဘုရင်ကို သူတို့ခုထိရှိန်နေသေးတယ်ပေါ့။

ဒါပေမယ့် ဒါကလည်းရုပ်ရှင်ပညာဖြစ်သည်။ ရန်သူကို အဆင့်မြင့်မြင့်ရိုက်ထားကာမှ မိမိတို့နိုင်လိုက်တာ ဂုဏ်ရှိမည်ဖြစ်သည်။ မြန်မာဇာတ်ကားများမှ ကလေးပင်မကြောက်သော ကုတ်အနက်ဝတ် လူကြမ်းများကို သင်မြင်ယောင်လာပေတော့မည်။ သို့နှင့်စိတ်ပျက်ဖွယ် မော်ကွန်းဇာတ်ကားများကိုသာ အရင်ဘုရင်များ ပြန်ကြည့်လို့ရမည်ဆိုပါက ရှက်လွန်းသဖြင့် ဒေါသထွက်ကာ ယင်းတို့ကိုလူမလေးခွေးမခန့်အောင် လုပ်သော ဒါရိုက်တာများအားလုံး တောင်စွယ်နေကွယ်ပင်မစောင့်တော့ပဲ ကွပ်မျက်ဖွယ်ရှိသည်။

ကဲ ပါတော်မူပုံ နယ်ချဲ့ဆန့်ကျင်ရေး ဇာတ်ကားကြီးများကိုလည်း ကြည့်ကြပါဦး။ နယ်ချဲ့ဆိုတာ ကြောက်စရာမဟုတ်ဟူသော ကြောက်မက်ဖွယ် အတွေးပင်ဝင်သွားလောက်သည်။ အင်အားလေး နှစ်ပဲတပြားနှင့် သေနတ်လေးကားတားကားတား ဂျပန် မာစတာများကို နယ်မှကလေးများပင်မကြောက်တော့ချေ။

တချိန်က ကင်ပေတိုင်စခန်းများတွင် အသက်စွန့်ခဲ့ရသော မြန်မာမျိုးချစ်များကို ကလေးများ၏ အမြင်တွင် ဟာသ ဖြစ်နေတော့မည်။ လက်မောင်းတွင် ကြယ်တပွင့်ပတ်ပြီး အပ်ကြောင်းထပ်နေသော စကားများကိုပြောကာ မျိုးချစ်တော်လှန်ရေးသမား ဟူသဖြင့်ကြွေးကြော်နေသေးသည်ကို စိတ်ပျက်ဖွယ်တွေ့နေရတုန်းပင် ဖြစ်သည်။

အလကားနေငိုနေသော ဇာတ်ကားများလည်းရှိသေးသည်။ ဂျပန်က ဘာမှမလုပ်ရသေး သူကငိုပြီ။ ဖက်ဆစ်တော်လှန်ရေးမှာ ကလေးများ၏ စိတ်တွင် ဟာသအမြင်သာရှိတော့သည်။ ထိုကလေးများသည် တချိန်လူကြီးဖြစ်လာတော့မည်။ သင်းတို့လေးတွေ လူကြီးဖြစ်လာပါက မြန်မာ့သမိုင်းမြောင်းထဲရောက်တော့မည်။ တချိန်က အသက်စွန့်ခဲ့ရသူများ ငပေါဖြစ်တော့မည်။ ဗိုလ်ချုပ်ကို မြင်စေချင်စမ်းသည်။

လွတ်လပ်ရေးရပြီ။ ထားပါတော့ ပါလီမန်ခေတ်နောက်ပိုင်းကိုတော့ အပြင်က ဒါရိုက်တာတွေ သိပ်မရိုက်တော့။ အရင်က စစ်အစိုးရဆင်ဆာတွေကြောင့် လည်းဖြစ်နိုင်သလို လိုင်စင်အပိတ်ခံရမှာကြောက်သောကြောင့်လည်းဖြစ်နိုင်သည်။ မရိုက်တာက ကိစ္စမရှိ။ ဒါပေမယ့် သမိုင်းကိုတော့ အဆင့်တန်းမှီမှီဖေါ်ထုတ်သင့်သည်။

 
 
 
တနိုင်ငံလုံး သူပုန်ထသည်။ ရန်ကုန်ကွက်ကွက်လေး ကျန်ရာမှ ဗမာ့သေနတ်ကိုင်တပ်ရင်း ချင်းသေနတ်ကိုင်တပ်ရင်း စစ်ရဲတို့ ပူးပေါင်းတိုက်သည်။ ဒီကြားထဲတောခိုသွားတဲ့တပ်ရင်းတွေက ရှိသေးသည်။ ဒုက္ခသုတ်ခ ပေါင်းစုံ အခက်အခဲပေါင်းစုံကြားမှ အင်းစိန်ကို အသေအလဲကာကွယ်ရသည်။ ဘုရားကြီးတိုက်ပွဲ ဒိုက်ဦး တောင်ငူ ဖြူး ဆက်တိုက်တိုက်ကြရသည်။ ပဲခူးရိုးမတွင်လည်း ဗကပ ကိုအမြစ်ဖြုတ်ခဲ့သည်။ တပ်မတော်၏စွန့်စားခန်းများက ပြောကာမကုန်ပေ။

 
 
 
ထိုခေတ်ထိုအခါက တပ်မတော်ကို လူအများချစ်ကြသည်။ ရှေ့တန်းပြန်လျှင်ပင် ပြည်သူလူထုက ဆော်သြစရာမလို ထွက်ကြိုကြသည်။ ကြည်နူးဖွယ်အတိဖြစ်ပါသည်။ ထိုအချိန်က မီဒီယာများမှာတာဝန်ကြေကြသည်။ လူထုကို တပ်မတော်၏ ပကတိအခြေအနေကို ချပြနိုင်ခဲ့သည်။ နှောင်းတမြေ့မြေ့ (ကားဟောင်း)၊ ဇော့်ကိုချစ်မလား ကျော့်ကိုချစ်မလား၊ အမိမြေမှသားကောင်းများ၊ အချစ်တပွဲ စစ်ပွဲတရာ၊ အစရှိသဖြင့် စစ်ကားကောင်းများပေါ်ထွက်လာခဲ့သည်။ ပြည်သူလူထု၏ အားပေးမှုအလွန်ရခဲ့ပါသည်။ စစ်သားစရိုက်ကို အပီပြင်ဆုံးဖေါ်ပြနိုင်ခဲ့သည်။ နောက်ပိုင်းတွင် ဝေလည်းမွှေးကြွေလည်းမွှေး ၊ စစ်သွေးသစ္စာ စသည်တို့ လည်း အဆင့်မှီသော စစ်ကားများဖြစ်ပါသည်။

တပ်မတော်အစိုးရ အုပ်ချုပ်နေသော ကာလမှာမှ စစ်ကားကောင်းများ မှေးမှိန်ပျောက်ကွယ်သွားသည်မှာ အံ့သြစရာပင်ဖြစ်ချေတော့သည်။ မူအားဖြင့်၎င်း ဆင်ဆာအားဖြင့်၎င်း တည်းဖြတ်မှုများကြောင့် စိတ်ပျက်ဖွယ်စစ်ကားများ ထွက်ပေါ်လာပါတော့သည်။ စစ်ကားထဲမှ စစ်သားသည် အပြင်မှ တကယ့်စစ်သားနှင့်မတူတော့ အမြင်ကတ်ဖွယ်စကားများ အလွန်ပြောသည်။ လေကြီးလေကျယ်နိုင်သည်။ ပြည်သူလူထုမပြောနှင့် စစ်သားခြင်းပင် တီဗွီထဲဝင်ကာ ပါးပိတ်ရိုက်ချင်မိသည်။

တပ်မတော်ကြီးသည် တပ်မတော်သား/စစ်သားများဖြင့်ဖွဲ့စည်းထားပါသည်။ စစ်သားဟူသည် လူတွေသာဖြစ်သည်။ လူလိုပဲနေထိုင်ပါသည်။ လူလိုပဲစားသောက်ပါသည်။ ဇာတ်ကားထဲကလို တောင့်တောင့်ကြီးမနေပါ။ ဖက်ထိပ်လဲမလုပ်ချင်ပါ။ စစ်ဆင်ရေးမရှိလျှင်နားချင်သည်။ အရက်လေးလဲ အားရင်သောက်ပါသည်။ ပျော်တတ်ကြပါသည်။ ဇာတ်ကားထဲတွင်တော့ မဟုတ် ဘယ်ရဲဘော်မှအပြင်မှာ မပြောသော စကားလုံးများကို ဇာတ်ကားထဲမှရဲဘော်သည် အလွန်ပြောသည်။

အရက်မသောက်၊ အိမ်ပြန်လျှင်ပင်လက်ဘက်ရည်ဆိုင်မထိုင်ဘူးဟူ၏။ ကြည့်ရှူသူများမှာ ကလေးတွေမဟုတ်ပါ။ ဒါလောက်ကတော့ ဖြီးနေမှန်းသိပါသည်။ အထက်အောက် ရိုသေလေးစားမှုရှိပါသည် သို့သော် စိတ်အခန့်မသင့်လျှင် ရန်တော့ဖြစ်တတ်သည်။ နှောင်းတမြေ့မြေ့ (ကားဟောင်း)တွင် အထက်က ဆေးဗိုလ်ကြီးမှ မိမိရည်းစားကို လုသဖြင့် ဒေါသထွက်ပြီး ဗိုလ်ဖြစ်သူမှ ကျောက်ခဲကို ခြေထောက်နှင့်ကန်ထုတ်လိုက်သည့် အကွက်ကို ကားသစ်တွင် ဆင်ဆာမိတော့သည်။ မဆိုင်ပါ။ လူပဲ ဒေါသထွက်မပေါ့ ကိုယ့်ရည်းစားလူလုတာ။ သူ့ဘာသာ ဆေးဗိုလ်ကြီးမကလို့ ဗိုလ်မှူးကြီးပင်ဖြစ်စေကာမူ ဒေါသထွက်ပြီး လက်သီးနှင့်ပင်ထိုးမိလိမ့်မည် ဒါကလူ့သဘာဝပဲ။ သဘာဝကို ဆင်ဆာဖြတ်သဖြင့် ယုတ်တိမရှိတာတွေ ရိုက်ကုန်သည်။

Pacific ဆိုသော အမေရိကန်ဇာတ်ကားထဲတွင် စစ်သားများ၏ဘ၀ကို သဘာဝကျကျသရုပ်ဖေါ်ထားသည်။ စစ်သားများတွင် ကြောက်သောသူများလည်းပါသည်။ သေနတ်သံကြားကာ သေးထွက်ကျသောအခန်းပင်ပါသည်။ စိတ်ပျက်ကာ မိမိဘာသာ သတ်သေသော စစ်သားများလည်းပါသည်။ ခပ်နွဲ့နွဲ့ စစ်သားများလည်းပါသည်။ အရက်ဂျိုးများလည်းပါသည်။ ပြန်မပြောနားမထောင်များလည်းပါသည်။ စစ်သားစ၇ိုက်အတော်ပေါ်လွင်ပါပေသည်။ ဘာဂုဏ်မှမတင်ပါ။ ဒါပေမယ့် နိုင်ငံအတွက် အသက်ပေးကာ တိုက်ပွဲဝင်နေပုံကိုတော့ ပေါ်လွင်အောင်ရိုက်သွားသည်။ ဇာတ်ကားကြည့်ပြီးသော အခါ မည်သူမျှ ထိုစစ်သားများကို အထင်မသေးပါ။ တကယ့်စစ်ပွဲမှ စစ်သားများကို ပိုမိုသနားစိတ်ဝင်မိကြသည်။ ဒါကမှ တကယ့်ပညာဖြစ်သည်။

နောက်တခုဆိုးသည်ကား အဖွဲ့အစည်းတစ်ခုကို တပ်မတော်ထက် ဂုဏ်တင်လွန်းခြင်းဖြစ်သည်။ စစ်တပ်သည် စစ်တပ်သာဖြစ်သည်။ နိုင်ငံရေးနှင့်မရောထွေးသင့်ပေ။ သို့သော် ယင်းအဖွဲ့အစည်းက စစ်တပ်ပင်မနိုင်သော သူပုန်အား အနိုင်တိုက်လိုက်သော ဇာတ်ကားတစ်ကားထွက်လာသေးသည်။ များစွာရုပ်ပျက်လှပါ၏။ တချိန်ကတပ်မတော်၏ သူရဲကောင်းများစွာကို တချက်တည်းနှင့် စော်ကားလိုက်ခြင်းပင်ဖြစ်သည်။

ထိုဇာတ်ကားများမှာ ကလေးများအပျင်းပြေပုံပြောသလောက် ဇာတ်ညွန်းသာရှိသည်။ ညီအစ်ကို သုံးယောက်ရှိခိုင်း သုံးယောက်လုံးကို ကြည်းရေလေ အစဉ်လိုက်ထည့်။ တဖက်ကလည်း သမီးသုံးယောက်တခါတည်းမွေးပြီးသား နှစ်ဖက်တွေ့ ပေးစား။ အပေါစားဇာတ်ကားမှန်းသိသာလွန်းလှသည်။ စစ်သားက စစ်သားအလုပ်မလုပ်ပဲ ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြော သဖြင့် အရာရှိစစ်သည်များ ထိုဇာတ်ကားကိုကြည့်ပြီး ၀ိုင်းဆဲကြသည်ကို ကိုယ်တွေ့မြင်ဖူးပါသည်။

မပြောမပြီးသဖြင့် ပြောရဦးမည်။ Rambo တို့ အာနိုးတို့ behind enemy line တို့ကိုအားကျသည်ထင့်။ အားကျသည့်အထဲ ဂျိမ်းဘွန်းပါ ပါမည်ထင်သည်။ ကြည့်ရတာ ဇာတ်လမ်းအားလုံး ရောမွှေထားတာဖြစ်မည်။ လေယာဉ်ပျက်ကျသည်။ ဓါးတချောင်းနှင့် ပစ္စတိုတလက်သာပါသည်။ မည်သို့မည်ပုံလုပ်လိုက်သည်မသိ။ ရန်သူ့အားလုံး သေကုန်သည်။ ရန်သူ့တပ်မဟာမှူး ဒေါသထွက်ပြီး သေသည်။

တပ်ရင်းတစ်ရင်းနှင့် အချိန်တပါတ်ခန့် ယူလုပ်ရမည့် ထောင်ချောက်များကို မင်းသားက ငါးမိနစ်ထဲနှင့်လုပ်သွားပြီး ရန်သူတွေကို သေစေသည်။ AK 47 တလက်နှင့် ကွင်းပြင်ထဲတွင် တက်ပစ်ရာ ဘန်ကာထဲမှ ရန်သူအကုန်သေသည်။ ရန်သူဖမ်းသွားသော မိန်းကလေး အယောက် ၄၀ ထဲမှမော်ဒယ်လ်မလေး ဆယ်ယောက်ကိုသာ မင်းသားနှာဘူးမှ ရွေးကယ်လာသည်။ လမ်းတွင် ဂျပန်ခေတ်မှ ရွှေများ တူးဖေါ်မိသေးသည်။ မင်းသား အဖျားတက်သဖြင့် မိန်းကလေးများက ၀ိုင်းပြုစုကြသည်။ သြော် အာနိုးတို့ စတားလုံးတို့ပင် သူ့လောက် မကောင်းစားပေ။

ထိုကားကို နိုင်ငံတကာပွဲတော်တခုတွင် ပြကြည့်ပါက မြန်မာ့ရုပ်ရှင်လုပ်ငန်းသာမက မြန်မာ့တပ်မတော်ပင် သိက္ခာကျပေတော့မည်။

သရုပ်ဆောင်များမှာလည်း လုံးလုံးအသုံးမကျပါချေ။ မင်းသားများကား အခြားအဆင့်မလုပ်လိုကြ။ အရာရှိသာတက်လုပ်ကြသည်။ တလောက policy ကားတကားဆိုလျှင် လူကလက်တောက်လောက်ပင်မရှိသော်လည်း ဗိုလ်မှူးအဆင့်တံဆိပ်ကို တပ်နေကြပြီ။ မည်သို့မျှမလိုက်ဖက်ပါချေ။

တပ်မတော်တွင် အဆင့်အတန်းအမျိုးမျိုးရှိသော်လည်း အားလုံးတန်းတူနီးပါးနေရပါသည်။ ဘယ်သူကမှ အခွင့်ထူးခံမနေပါ။ ရှေ့တန်းတွင် မြေခင်းတခင်းထဲ အတူအိပ်ရသလို အတူတူစားရပါသည်။ မြို့ပေါ်မှ uniform လှတပတ နှင့် သွားလာနေသူများမှာ တပ်မတော်၏ လက်တဆုပ်စာပင်မရှိပါချေ။ အားလုံးမှာ စစ်ဆင်ရေး လုံခြုံရေး စသည်တို့ဖြင့် လူရုပ်ပင်မပေါ်အောင် လှုပ်ရှားရုန်းကန်နေရသည်များကို လူထုကိုသိစေချင်ပါသည်။


ထိုဇာတ်ကားများမှာကဲ့သို့ ရှေ့တန်းတွင် အမိုးအိမ်ဝင် လက်ဘက်ရည်သောက် ဘကြီးအိမ်ဝင် ထမင်းစားလုပ်လို့မရပါ။ အမိုးအိမ်ဝင်ပါက ဖထီးက M16 နှင့်ဆွဲမည်ကို သိထားသဖြင့် မိုးရေထဲမှာ တဲထိုးပြီး စုတ်တီးစုတ်ပြတ်နေနေရသည်။ ရေမရှိလျှင် ဗွက်ရေကိုသောက်ရသည်။ ဒါကိုရိုက်ပြလို့ ရှက်စရာမဟုတ်။ တပ်မတော်သိက္ခာကျမသွားပါ။ အဖြစ်မှန်ကို သိသော ပြည်သူများ စစ်တပ်ကို ဂရုဏာ သက်မိမည်ဖြစ်သည်။

စစ်သားအများစု တောထဲတောင်ထဲ ငှက်ဖျားမိ ဆေးမရှိ သေကြေကျ၊ တိုက်ပွဲတွင်းဒဏ်ရာရ ၊ မိုင်းထိ ခြေထောက်ပြတ်နေတာတွေက တကယ်ဖြစ်နေတာပါ။ စစ်ကားထဲမှာလို ရဟတ်ယာဉ်နဲ့လဲ လာမကြိုပါဘူး။ အထမ်းနဲ့ အော်ဟစ်ပြီး သွားရတာပါ။ ဒါတွေကို ပြည်သူသိအောင် ချပြကြပါ။ တကယ်တမ်းတပ်မတော်သားတွေ ဘ၀ ဘယ်လောက်ကြမ်းတယ်ဆိုတာကို အမှန်အတိုင်းရိုက်ပြကြပါ။ ဟိန်းဝေယံတို့ ဗိုလ်မှူးအပွင့်တပ်ပြီး နေပြည်တော်မှာ ဖွန်ကြောင်နေတဲ့ပုံထက် တကယ့်စစ်မြေပြင်က အခြေအနေကို လူတွေသိအောင်ရိုက်ပြသင့်ပါတယ်။

တကယ်ဆို ၁၉၈၈ တိုင်းပြည်ပျက်ဖို့ လက်တလုံးခြား စသဖြင့် အပ်ကြောင်းထပ်နေတဲ့ စကားလုံးတွေ ပြောနေတဲ့ ဇာတ်လမ်းတွေအစား ၁၉၈၈ အရေးအခင်းတုန်းက လုံခြုံရေးတာဝန်ယူခဲ့ရတဲ့ စစ်သား/အရာရှိငယ်လေးတွေ ခံစားချက်ကို ပေါ်လွင်အောင် ရိုက်ပြသင့်တယ်။ တဖက်က ချီတက်လာတဲ့ ရဟန်းရှင်လူတွေဖြစ်ပေမယ့် သူတို့လက်ထဲမှာ ခဲတွေ တုတ်တွေ ကိုင်ထားတာ ပြီးတော့ စည်းကျော်ရင် ပစ်ရမယ်လို့ပေးထားတဲ့ အမိန့်၊ ဒါတွေကိုလွန်ဆန်ဖို့ကြတော့ နိုင်ငံတော်ပုန်ကန်မှု ဆိုတဲ့ စစ်ဥပဒေ စသဖြင့် အချက်ပေါင်းများစွာထဲမှာ ဝေခွဲမရဖြစ်နေပုံတွေကို ရိုက်ပြသင့်ပါတယ်။

ခုတော့ တခါလာလည်း နားကြားပြင်းကတ်စရာ နိုင်ငံတော်တာဝန်မလွှဲမရှောင်သာရယူ တခါလာလည်း လက်တလုံးခြားက ကယ်တင်နဲ့ပဲ မုန့်လုံးစက္ကူကပ်နေတာပါ။  ပြည်သူလူထုမဆိုထားနဲ့ အဲ့ဒီ့ရုပ်ရှင်တွေကြည့်လို့ စစ်သားရင့်မာကြီးတွေတောင် စစ်တပ်ကို အမြင်ကတ်နေကြရတယ်။ တကယ်တမ်း အဖြစ်မှန်တွေကို ပြည်သူတွေကို ချပြနိုင်မယ့် စစ်အက်ရှင်ဇာတ်ကားကောင်းကောင်းထွက်လာမှာကို အမြဲမျှော်လင့်ပါတယ်။

စစ်ကားတကားထွက်တိုင်း မြန်မာ့ရုပ်သံမှာစောင့်ကြည့်ပေမယ့် စိတ်ပျက်ဖွယ်ဇာတ်ကားတွေကိုပဲတယ်။ ကျွန်တော်ချစ်သော/မွေးကတည်းက ကြီးပြင်းခဲ့ရာ အမိတပ်မတော်ကို လူအမြင်ကတ်အောင်လုပ်နေတဲ့ မီဒီယာတွေကို အမြဲတွေ့နေရလို့ ကျွန်တော် ဒီဝေဖန်စာကို ရေးသားလိုက်ရတာဖြစ်ပါတယ် ခင်ဗျား။။။။။


ဒေါက်တာ ကိုကိုဦး

Sunday, September 22, 2013


























Inchon International Airport Views













Trip to The Kamakura (鎌倉) Buddha Image


Kamakura (鎌倉) is a coastal town in Kanagawa Prefecture, less than an hour south of Tokyo.
Kamakura became the political center of Japan, when Minamoto Yoritomo chose the city as the seat for his new military government in 1192. The Kamakura government continued to rule Japan for over a century, first under the Minamoto shogun and then under the Hojo regents.
After the decline of the Kamakura government in the 14th century and the establishment of its successor, the Muromachi or Ashikaga government in Kyoto, Kamakura remained the political center of Eastern Japan for some time before losing its position to other cities.
Today, Kamakura is a small city and a very popular tourist destination. Sometimes called the Kyoto of Eastern Japan, Kamakura offers numerous temples, shrines and other historical monuments. In addition, Kamakura's sand beaches attract large crowds during the summer months.

Saturday, September 21, 2013

 Balance of payments (BoP)

Balance of payments (BoP) accounts are an accounting record of all monetary transactions between a country and the rest of the world.[1] These transactions include payments for the country's exports and imports of goods, services, financial capital, and financial transfers. The BoP accounts summarize international transactions for a specific period, usually a year, and are prepared in a single currency, typically the domestic currency for the country concerned. Sources of funds for a nation, such as exports or the receipts of loans and investments, are recorded as positive or surplus items. Uses of funds, such as for imports or to invest in foreign countries, are recorded as negative or deficit items.
When all components of the BOP accounts are included they must sum to zero with no overall surplus or deficit. For example, if a country is importing more than it exports, its trade balance will be in deficit, but the shortfall will have to be counterbalanced in other ways – such as by funds earned from its foreign investments, by running down central bank reserves or by receiving loans from other countries.
While the overall BOP accounts will always balance when all types of payments are included, imbalances are possible on individual elements of the BOP, such as the current account, the capital account excluding the central bank's reserve account, or the sum of the two. Imbalances in the latter sum can result in surplus countries accumulating wealth, while deficit nations become increasingly indebted. The term "balance of payments" often refers to this sum: a country's balance of payments is said to be in surplus (equivalently, the balance of payments is positive) by a certain amount if sources of funds (such as export goods sold and bonds sold) exceed uses of funds (such as paying for imported goods and paying for foreign bonds purchased) by that amount. There is said to be a balance of payments deficit (the balance of payments is said to be negative) if the former are less than the latter.
Under a fixed exchange rate system, the central bank accommodates those flows by buying up any net inflow of funds into the country or by providing foreign currency funds to the foreign exchange market to match any international outflow of funds, thus preventing the funds flows from affecting the exchange rate between the country's currency and other currencies. Then the net change per year in the central bank's foreign exchange reserves is sometimes called the balance of payments surplus or deficit. Alternatives to a fixed exchange rate system include a managed float where some changes of exchange rates are allowed, or at the other extreme a purely floating exchange rate (also known as a purely flexible exchange rate). With a pure float the central bank does not intervene at all to protect or devalue its currency, allowing the rate to be set by the market, and the central bank's foreign exchange reserves do not change.
Historically there have been different approaches to the question of how or even whether to eliminate current account or trade imbalances. With record trade imbalances held up as one of the contributing factors to the financial crisis of 2007–2010, plans to address global imbalances have been high on the agenda of policy makers since 2009.
Credit to Wikipedia

Friday, September 20, 2013

ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းဖြစ်ပေါ်လာပုံ နှင့် မှတ်တမ်းတင်ခံရသူ မြန်မာနိုင်ငံသား မင်းကွန်း တိပိဋက ဆရာတော် ဘုရားကြီး အကြောင်း ။



ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် Guinness Book of World Records ဟု
ခေါ်ဆိုပါသည်။ ၎င်းကို ၁၉၅၅-ခုနှစ်မှ စ၍ နှစ်စဉ်ထုတ်ဝေခဲ့ပြီး နိုင်ငံတကာမှ
ကမ္ဘာ့စံချိန်များကိုစုဆောင်း တင်ြပထားပါသည်။ ဂင်းနစ်ဟူသောအမည်မှာအိုင်ယာလန်နိုင်ငံရှိ ဂင်းနစ်
(Arthur Guinness) ဘီယာကုမ္ပဏီကို ရည်စူးပါသည်။ ၁၇၅၂-ခုနှစ်တွင် အာသာဂင်းနစ် (၁၇၅၂-
၁၈၀၃) ဆိုသော ပုဂ္ဂိုလ်တစ်ယောက်သည် ပေါင်ငွေတစ်ရာကို အမွေရ ရှိခဲ့ပါသည်။
၎င်းပေါင်ငွေတစ်ရာကို အရင်းပြု၍ အာသာဂင်းနစ်သည် ယမကာဆိုင်တစ်ခုကို
စတင်တည်ထောင်ခဲ့ပါသည်။ ၁၇၅၉သို့ ရောက်သောအခါ ဒဗွလင်မြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။
သူသေဆုံးပြီးနောက် သားဖြစ်သူ အာသာ(၁၇၆၇-၁၈၅၂)၊ မြေးဖြစ်သူ ဘင်ဂျမင်ဂင်းနစ် (၁၇၉၈-
၁၈၆၈) တို့က ဘီယာလုပ်ငန်းကိုဆက်လက်လုပ်ကိုင်ခဲ့ကြပါသည်။ ဘင်ဂျမင်လက်ထက်တွင်ဂင်းနစ်
ဘီယာသည် အမေရိကန်၊အင်္ဂလန် နှင့် ဥရောပ တိုင်းပြည်များသို့ပါ တင်ပို့ရောင်းချနိုင်သည် အထိ
လုပ်ငန်းအောင်မြင်ခဲ့ပါသည်။ ဂင်းနစ်မိသားစုသည် သူတို့၏ ဂင်းနစ်ဘီယာကို
ကိုယ်ပိုင်စက်ရုံတည်ဆောက်ကာ ထုတ်လုပ်ရောင်းချခဲ့ခြင်းဖြစ်ပါသည်။
သူတို့၏ဘီယာ အောင်မြင်ရခြင်းတွင်အချက်(၂)ချက်သည် အရေးပါပါသည်။
ပထမအချက်မှာဂင်းနစ်ဘီယာ သည် အရည်သက်သက်မဟုတ်ဘဲ အနည်းငယ်စေးပျစ်သည်။
ဘီယာတစ်ပိုင့်ကိုငှဲ့မည်ဆိုပါက ၁၁၉ ဒသမ ၅-စက္ကန့်ကြာမည်ဟု ကြေငြာကာ စားသုံးသူကို
စွဲဆောင်နိုင်ခဲ့ ပါသည်။ ဒုတိယအချက်မှာ ဂင်းနစ်ဘီယာ ထည့်ခွက်၏ ထူးခြားမှုပင် ဖြစ်ပါသည်။
ဂင်းနစ်ဘီယာ
ကုမ္ပဏီသည် ကိုယ်ပိုင်ခွက်တစ်မျိုးကို တီထွင်ထုတ်လုပ်ခဲ့ပါသည်။ အဆိုပါခွက်အတွင်းသို့
ဘီယာကိုထည့မ် ည်ဆိုပါက ဘီယာမြှုပ်များသည် အပေါ်သို့မတက်ဘဲ အောက်သို့
သာဆင်းသွားသည်ကို တွေ့မြင်ရမည်ြဖစ်ပါသည်။ ဤနည်းဖြင့် စားသုံးသူကို ကောင်းစွာ
စွဲဆောင်နိုင်ခဲ့ကြပါသည်။၁၉၅၅-တွင် ဂင်းနစ်ဘီယာအရောင်းဆိုင်တစ်ဆိုင်၌ ဘီယာသောက်သူများ
ငြင်းခုံမှုတစ်ခု ဖြစ်ကြပါသည်။ ၎င်းအငြင်းအခုံမှာမည်သည့် ငှက်သည်
အမြန်ဆုံးပျံသန်းနိုင်သနည်းဟူသော မေးခွန်းနှင့်ဆက်စပ်နေပါသည်။ ငြင်းခုံသူများသည်
အကိုးအကားစာအုပ်မျိုးစုံကို ရှာဖွေပါသော်လည်း ရှာမတွေ့နိုင်ဖြစ်နေပါသည်။ ဤတွင် ဆိုင်ရှင်ဖြစ်သူ
ဂင်းနစ်မျိုးနွယ်တစ်ယောက်သည် ကမ္ဘာ့စံချိန်မှတ်တမ်း စာအုပ်တစ်အုပ် လိုအပ်ကြောင်း
သတိပြုမိသွားပါသည်။ ဤသို့ဖြင့်၁၉၅၅-တွင် ပထမဆုံးဂင်းနစ်ကမ္ဘာ့စံချိန်စာအုပ်ထွက်ပေါ်လာပါသည်။ စာအုပ်ကိုတာဝန်ခံ ရေးသားသူမှာ ရော့စ်ဝှစ်တနာ နှင့်
နောရစ် ၀ှစ်တနာ(Ross and Noris Whitner) အမြွှာညီအစ်ကို နှစ်ယောက်ဖြစ်ပါသည်။ ၎င်းတို့သည်
သတင်းထောက်များ၊ ဂျာနယ်တိုက်များမှ အချက်အလက်များ ကိုရယူပြီး
စာအုပ်ရေးသားထုတ်ဝေခဲ့ပါသည်။ ပြီးနောက် ခရစ်စမတ်ဈေးရောင်းပွဲတော်အမှီ
အောက်တိုဘာလတိုင်းတွင်စာအုပ်ကို နှစ်စဉ်ထုတ်ဝေခဲ့ပါသည်။ စာအုပ်တွင်
ကြက်ဥအဝေးဆုံးရောက်အောင် ပစ်နိုင်သူ၊ ဆယ်မိနစ်အတွင်း ဟော့ဒေါ့ (Hot Dog) အများဆုံး
စားနိုင်သူ၊ အရပ်အရှည်ဆုံးလူသား၊ အကြီးဆုံးကင်ဆာကျိတ်၊ အဆိပ်ပြင်းဆုံး အပင်၊
အတိုဆုံးမြစ်စသည်ဖြင့် ကမ္ဘာ့စံချိန်များကို မှတ်တမ်းတင်ဖော်ပြခဲ့ပါသည်။ ယခုအခါ ထိုစာအုပ်သည်
ကမ္ဘာ့အရောင်းရဆုံး စာအုပ်တစ်အုပ်ဖြစ်ပြီး တစ်နှစ်အတွင်း အကြိမ်ပေါင်းများစွာ ပုံနှိပ်ခဲ့ရပါသည်။
လူတို့သည် ထိုစာအုပ်တွင် မှတ်တမ်းတင်ခံရစေရန် အမျိုးမျိုး ကြိုးစားလာကြပါသည်။ တစ်ခါက
ဂင်းနစ်စာအုပ်တွင် အလေးဆုံးကြောင် အကြောင်းကို ဖော်ပြခဲ့ပါသည်။ ထိုအခါ
ကြောင်ပိုင်ရှင်များသည် သူတို့ကြောင်များ ကို စံချိန်ချိုးနိုင်အောင် အစာများ တနင့်တပိုးကျွေးခဲ့သဖြင့်
ကြောင်သေဆုံးမှုများ ပေါ်ပေါက် လာပါသည်။ ထို့ကြောင့် စာအုပ်တွင် ကျန်းမာရေးနှင့်
အသက်အန္တရာယ်ထိခိုက်စေသော ကိစ္စများကို ဖော်ပြဖြင်းမပြုရန် ဆုံးဖြတ်ခဲ့ကြပါသည်။
ဂင်းနစ်စာအုပ်သည် တစ်ကမ္ဘာလုံးမှ စံချိန်များကို မှတ်တမ်းတင်ထားခြင်းဖြစ်ရာမြန်မာနိုင်ငံမှ
ပုဂ္ဂိုလ်ထူးတစ်ဦးလည်း ပါဝင်ခဲ့ ပါသည်။ အဆိုပါပုဂ္ဂိုလ်ထူးမှာ မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီး
ဦးဝိစိတ္တသာရာ ဘိဝံသ ပင်ဖြစ်ပါသည်။ ဆရာတော်ကြီးသည် ပိဋကတ်သုံးပုံ၊ စာမျက်နှာပေါင်း
(၉၉၃၄) မျက်နှာကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်အာဂုံဆောင်နိုင်သောကြောင့်
ကမ္ဘာ့မှတ်ဉာဏ် အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် ဂင်းနစ်စာအုပ်တွင် နှစ်ကြိမ်တိုင် ဖော်ပြခံခဲ့ရပါသည်။
ဆရာတော်ကြီး၏ မှတ်ဉာဏ်ကိုချီးကျူးလိုလျှင် တိပိဋကဓရရွေးချယ်ရေး စာမေးပွဲအကြောင်း ကို
သိထားသင့်ပါသည်။ ဤစာမေးပွဲသည် ပိဋကတ်သုံးပုံကို နှုတ်ဖြေ၊ ရေးဖြေဖြေဆိုရသော စာမေးပွဲဖြစ်ပြီး
ကမ္ဘာပေါ်တွင် အခက်ခဲဆုံးစာမေးပွဲကြီး ဖြစ်ပါသည်။ မည်မျှခက်ခဲပါသနည်း ဆိုလျှင်
စတင်စစ်ဆေးသော မြန်မာနှစ် ၁၃၁၀-မှ ၁၃၆၂- အထိ ၅၃-နှစ်အတွင်း အောင်မြင်သူ ၉-
ဦးသာရှိခဲ့ပါသည်။ စာမေးပွဲအောင်မှတ်မှာ အမှတ်၁၀၀-တွင်၇၅-မှတ်ရမှသာ အောင်မြင်
ပါ သည်။ ပိဋကတ်သုံးပုံကို အလွတ်ရွတ်ဆိုရာတွင် နံနက် ၈-နာရီမှ၁၀-နာရီအထိ တစ်ကြိမ်၊ နေ့လယ်
၁-နာရီမှ၎-နာရီအထိ တစ်ကြိမ်၊ တစ်နေ့လျှင် ၂-ကြိမ်ခွဲ၍ စာပြန်ရပါသည်။ သတ်မှတ်ထားသော
အချိန်အတွင်း သတ်မှတ်ထားသော စာမျက်နှာအရေအတွက် ကိုပြီးအောင်ပြန်ဆိုရပါသည်။
အချိန်ကိုက် စာမပြန်နိုင်လျှင် စာမေးပွဲကျပါသည်။ တစ်နေ့လုံး အတွက်စာ ၅-ခါ
ထောက်ပေးခွင်ရှိပါသည်။ ၅-ခါထက်ပို၍ ထောက်ပေးရလျှင် စာမေးပွဲ ကျပါသည်။ စာကိုအလွတ်ရွတ်ဆိုရင်း ၀ါကျတစ်ခု ကျော်သွားပါက စာမေးပွဲကျပါသည်။ ထို့ကြောင့် ကမ္ဘာ့အခက်ဆုံး
စာမေးပွဲကြီးဟု ဆိုရခြင်းဖြစ်ပါသည်။ ဆရာတော်ကြီးသည် အဆိုပါ စာမေးပွဲကြီးတွင် စာမျက်နှာ၉၉၃၄-
မျက်နှာလုံးကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်ရွတ်ဆိုနိုင်ခဲ့ပါသည်။ ထိုမျှမကသေး။ စာအုပ်မူကွဲ
အမျိုးမျိုး ရှိပါက မည်သည့စ်ာအုပ်၊ စာမျက်နှာမည်မျှ၊ စာကြောင်းရေမည်မျှတွင် မည်သို့ဆိုသည်
မည်သည့စ်ာအုပ်က အမှန် ဖြစ်သည်ဟူသည်အထိ ထောက်ပြနိုင်လောက်အောင်
ပညာဉာဏ်ကြီးမားလွန်းလှပါသည်။ ရေးဖြေ ဖြေဆိုရာ၌လည်း
သီလက္ခန္ခ၀ဂ် - ၉၃-မှတ်
မဟာဝဂ် - ၉၇-မှတ်
ပါတိက၀ဂ် - ၉၇-မှတ်
ပါရာဇိကဏ် - ၈၉-မှတ်
ပါစိတ်ပါဠိတော် - ၉၉-မှတ်
မဟာဝဂ္ဂပါဠိတော် - ၉၂-မှတ်
စူဠ၀ဂ္ဂပါဠိတော် - ၉၈-မှတ်
ပရိဝါပါဠိတော် - ၁၀၀-မှတ်
စသည်ဖြင့် ဘာသာတိုင်းကို ဂုဏ်ထူးမှတ် ၈၅-မှတ် အထက်ဖြင့် ဖြေဆိုအောင်မြင်ခဲ့ပါသည်။
ဆရာတော်ကြီးကို ၁၂၇၃၊ တန်ဆောင်မုန်းလဆန်း ၁၁-ရက်နေ့တွင် မြင်းခြံမြို့နယ်၊ကျည်ပင် ရွာသူကြီး
ဦးဆုံ၊ ဒေါ်ဆင်တို့မှ ဖွားမြင်ခဲ့ပါသည်။ ငယ်မည် မောင်ခင်ဖြစ်ပါသည်။ ၇-နှစ်သား အရွယ်တွင်
သာမဏေ ၀တ်ခဲ့ပြီး ၁၅-နှစ်သားတွင် ပထမငယ်တန်း၊ ၁၆-နှစ်သားတွင် ပထမလတ်တန်း၊ ၂၀-နှစ်တွင်
ပထမကြီးတန်းတို့ကို အောင်မြင်ခဲ့ပါသည်။ ၁၂၉၅-တွင် အစိုးရပထမကြီးတန်းကို ပထမကျော်ဟူသော
ဘွဲ့ထူးဖြင့် အမြင့်ဆုံး အောင်မြင်ခဲ့ပါသည်။ ထိုနှစ်တွင်ပင် သကျသီဟစာသင်တန်းကိုလည်းကောင်း၊
၁၂၉၆-တွင် စာချတန်းကို လည်းကောင်း တစ်ဆက်တည်းအောင်မြင်၍ ၀ဋံသကာ(ဦးဆောက်ပန်းဘွဲ့)
ဖြင့်ချီးကျူး ပူဇော်ခြင်းခံခဲ့ရပါသည်။ ပိဋကတ်သုံးပုံကို အထောက်အမကင်းစွာ အာဂုံပြန်ဆို
နိုင်သောကြောင့် တရားဘဏ္ဍာစိုးဟုအဓိပ္ပယ်ရသော တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့ကို
ဆက်ကပ်ခြင်းခံခဲ့ ရပါသည်။ ဆဋ္ဌသံဂါယနာတင်ပွဲကြီးတွင်လည်း မဟာစည်ဆရာတော်ကြီး
မေးသမျှကို တစ်လုံးတစ်ပါဒမျှ ထစ်ငေါ့ခြင်းမရှိဘဲ ဖြေဆိုတော်မူ၍ ဆဋ္ဌသင်္ဂတိသဇကအဖြစ်
ဆောင်ရွက် ခဲ့ပါသည်။ ထြို့ပင်စာမျက်နှာပေါင်း ၅၀၀၀ ကျော်ရှိသော မဟာဗုဒ္ဓ၀င်ကျမ်းကြီးများကိုလည်း
ပြုစုခဲ့ပါသည်။ ထ့ေို ကြာင့်လည်း အစိုးရအဆက်ဆက်က ဆရာတော်ကြီးကို ဘွဲ့ထူးအမျိုးမျိုးဖြင့် ချီးကျူး
ပူဇော်ခဲ့ကြပါသည်။ သာသနာ့အာဇာနည် အဂ္ဂမဟာပဏိတ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊
အဘိဓဇအဂ္ဂမဟာသဒမ္မဇောတိက၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ ဆဋ္ဌသင်္ဂါယနာ ၀ိသဇက၊
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ်ဆရာတော်ကြီး
ဦးဝိစိတ္တသာရာဘိဝံသ သည် ၉-၂-၁၉၉၃၊အင်္ဂါနေ့ ညနေ၊ ၄-နာရီ ၄၀-မိနစ်တွင် ဘ၀နတ်ထံ
ပျံလွန်တော်မူခဲ့ပါသည်။
(စာရေးသူ သန်းမင်းထွဋ် မင်္ဂလာမောင်မယ် အတွဲ-၁ရ၊ အမှတ်-၂၊ ၂၀၀၅-ခုနှစ်၊ ဖေဖော်ဝါရီလ)


ရွှေတိဂုံ



ကမ္ဘာပေါ်ရှိ အမြင့်ဆုံး ဘုရားစေတီမှာ ၃၂၆-ပေ ရှိသော ရွှေတိဂုံ စေတီတော်ပင်ဖြစ်ပြီး ရန်ကုန်မြို့ရှိ သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် တည်ရှိသည်။ လေးဆူဓာတ်ပုံ ရွှေတိဂုံ ဟုလည်း ခေါ်တွင်သည်။ စေတီအစ ရွှေတိဂုံက ဟုဆိုကြသည်။

တည်နေရာ..... ရန်ကုန်မြို့သိင်္ဂုတ္တရ ကုန်းတော်
ဉာဏ်တော်.......ဖိနပ်တော်မှ စိန်ဖူးတော်ထိ (၃၂၆) ပေ
ကျော်ကြားမှု.......အစောဆုံး စေတီတော်ကြီး (ကမ္ဘာ့အံ့ဘွယ်)

အမည်ခေါ်တွင်ပုံ
ရန်ကုန်တိုင်းကို မွန်လူမျိုးတို့သည် ဒဂုံတိုင်းဟု သမုတ်ခဲ့ကြသည်။ ဒဂုံတိုင်းမှာ တည်ထားသော ဘုရားဖြစ်သည့် အတွက်ကြောင့် ဒဂုံတိုင်းကဘုရားဟု ခေါ်ဝေါ်ပြောဆိုခဲ့ကြသည်။ မွန်ဘာသာဖြင့် ကျာ်လဂုင် ဟုရေးသားပြီး ကျိုက်လဂုံဟုအသံထွက်ဆိုခဲ့ကြသည်
။ တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သော အလောင်းမင်းတရားကြီးလက်ထက်တွင် မွန်တို့ကို တိုက်ခိုက်အောင်မြင်ပြီးနောက် ဒဂုံကို ရန်ကုန်ဟု အမည်နာမ ပြောင်းလည်ခဲ့သည်။ ကျိုက်လဂုံကို ကျိုက်ဒဂုံ ဟု ခေါ်ဆိုကြသည်။ နောက်ပိုင်းတွင် ကျိုက်လဂုံ(သို့) ကျိုက်ဒဂုံသည် မြန်မာပြည်၏ မူပိုင်သင်္ကေတ အဖြစ်ကျော်ကြားလာခဲ့သည်။ မူပိုင်ကျိုက်ဆိုသော စကားလုံးနေရာတွင် ရွှေနိုင်ငံ(Golden land)ကို ကိုယ်စားပြုသော ရွှေ ဆိုသော စကားလုံးဖြင့် အစားထိုးခဲ့ကြသည်။ ထို့အတူ လဂုံ လိုလို ဒဂုံ လိုလို ဖြစ်နေသောစကားလုံးကိုလည်း တိဂုံ ဖြင့် အတည်ပြုပေးလိုက်ကြသည်။ ထိုအချိန်မှစ၍ ကျိုက်လဂုံ သည် မြန်မာပြည်တွင်မှာ သာမက ကမ္ဘာ့  တ၀ှမ်းမှာ ရွှေတိဂုံ ဟူသော အမည်နာမဖြင့် ခေါ်ဝေါ်ခဲ့ကြသည်။

သမိုင်းကြောင်း
သဗ္ဗညု မြတ်စွာဘုရားရှင်သည် ဗောဓိပင်ရင်း သတ်္တဌာန၌ (၇)ရက်စီ အလှည့်ကျစံတော်မူပြီး (၄၅)ရက် သီတင်းသုံး နေတော်မူ ခဲ့သည်။ ဤသို့ နေတော်မူ (၄)ရက်ပြည့်မြောက်ပြီး နောက် တစ်နေ့၌ ““ရာပဒတန်သတ်္တဟ”” ဖြစ်သည့် လင်းလွန်းပင်ရင်း၌ သီတင်းသုံး စံတော်မူစဉ်ကာလ။

ကုန်သည်ညီနောင်
ထိုစဉ်ကာလ၌ မွန်တို့ဌာနေ၊ ဥက္ကလာပမင်းကြီး၏ နိုင်ငံတော်တွင် ပါဝင်သော အသိဉ္စနမြို့၌ သုဝဏ္ဏအမည်ရှိသော သူဌေးကြီးတစ်ဦးရှိလေသည်။ ထိုသူဌေးကြီးတွင် တပုဿနှင့် ဘလ္လိက ဟူသော သားနှစ်ယောက်ရှိသည်။ ၎င်းတို့သည် ကုန်သည်များ ဖြစ်ကြသည်။ ၎င်းကုန်သည် ညီနောင်တို့သည် ကုန်များကို သင်္ဘောဖြင့် တင်ဆောင်ကာ မဇ္ဈိမဒေသသို့ ကုန်ရောင်းသွားကြသည်။ မဇ္ဈိမဒေသပင်လယ်ဆိပ်ကမ်းသို့ ရောက်သောအခါ သင်္ဘောကို ဆိုက်ကပ်ကျောက်ချ၍ ကုန်များကို လည်းအစီးပေါင်း (၅၀၀)ပေါ်သို့ တင်ဆောင်ကာ မဇ္ဈိမဒေသ၌ လှည့်လည်ရောင်းချကြသည်။ တဖုဿ ဘလ်္လိက ကုန်သည်ညီနောင်အဖွဲ့သည် ဗောဓိပင်အနီးသို့ ရောက်ရှိ လာခဲ့ကြ၏။ ကုန်သည်တို့ မဟာဗောဓိပင် အနီးသို့ရောက်ပြီး တစ်နေ့ သို့မဟုတ် တစ်ည၌ ရုက်္ခစိုးနတ်သည် ကုန်သည်ညီနောင်အား ကိုယ်ထင်ပြခဲ့၏။ ကုန်သည်ညီနောင်တို့သည် ရုက်္ခစိုးနတ်အား မြင်လျှင် အံ့သြသွားကြ၏။ အသင်မည်သူနည်း ဟုမေး၏။

ရုက်္ခစိုးနတ်က .`အမောင်တို့ နားထောင်လော့ ကျွန်ုပ်က တခြားမဟုတ်၊ ကျွန်ုပ်သည် ဟိုးဘ၀က အမောင်တို့နှင့် ဆွေမျိုးတော်စပ်ခဲ့သူများ ဖြစ်ပြီး၊ ကျွန်ုပ်သည် ဟိုးရှေးဘ၀က ကောင်းမှုကောင်းကျိုးများ ပြုခဲ့သူ ဖြစ်သဖြင့် ယခုဘ၀တွင် ရုက်္ခစိုးနတ်ဖြစ်ခဲ့သည်။ အမောင်တို့ ယခု သင်တို့ထံသို့ ရောက်ခဲ့သည်မှာ သင်တို့နှင့်ကျွန်ုပ်သည် ယခင် ဘ၀ဆွေမျိုးတော်စပ်ဖူးသူ ဖြစ်သဖြင့် သင်တို့အား အကျိုးပြုရန် ဤသို့ ကိုယ်ထင်ပြရခြင်းဖြစ်သည် အမောင်တို့´ဟုပြောသည်။ ကုန်သည်ညီနောင်က `အသင်က မည်သို့ အကျိုးပြုဖို့လာသနည်း´ဟု ရုက္ခစိုးနတ်ကို မေး၏။ ထိုအခါ ရုက်္ခစိုးနတ်က`နားထောင်လော့ အမောင်တို့ ကျွန်ုပ်သင်တို့အား အကျိုးပြုသည်ဆိုသည်မှာ အခြားမဟုတ်ပါ။ ပြောရလျှင် အမောင်တို့ ရောက်ရှိနေသည့် မဇ္ဈိမဒေသတွင် သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားဟာ ပွင့်တော်မူပြီး လင်းလွန်းပင်ခြေရင်းမှာ သီတင်းသုံး စံတော်မူနေတာမို့ အမောင်တို့ သွားရောက် ပူဇော်လော့ တိုက်တွန်းလမ်းညွှန်လိုတယ် အမောင်တို့´ဟုဆိုလျှင် တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့ အလွန်တရာ ၀မ်းမြောက်ကြည်နူးသွားကြ၏။ ချက်ခြင်းပင် “ဒါဆို ကျွန်ုပ်အား လမ်းညွှန်ပြပါ ရုက္ခစိုးနတ်” ဟုပြော၏။ “ကောင်းပြီ ၊ အမောင်တို့၊”ထို့နောက် ရုက်္ခစိုးနတ်သည် တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့အား ဘုရားရှင် သီတင်း သုံးရာ လင်းလွန်းပင်အား လမ်းညွှန်ပြခဲ့၏။ သည်အခါ ကုန်သည် ညီနောင်တို့သည် သဒ္ဒါပီတိအပြည့်နှင့် ဘုရားရှင် သီတင်းသုံးရာ လင်းလွန်းပင်ရင်းသို့ သွားကြ၏။ မြတ်စွာဘုရားရှင်အား မုန့်ကြွပ်ကြော်၊ ပျားမုန့်ထုပ် တို့နှင့် ဘုရားရှင်အား လှူဒါန်းပူဇော်ခြင်းပြု၏။

ပထမဆုံး သရဏဂုံတည်သူ
ကုန်သည်ညီနောင်တို့ မြတ်စွာဘုရားရှင်အား မုန့်ကြွပ် ကြော်၊ ပျားမုန့်ထုပ်တို့နှင့် ပူဇော်သက်္ကာကပြု လှူဒါန်းခဲ့သည်။ ဘုရားရှင်မှ ဤသို့ လှူဒါန်းပူဇော်ခဲ့သည့်အတွက် ဗုဒ်္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ်္မံသရဏ ဂစ္ဆာမိ ဟူသည့် “ဒွေးဝါဓိက” သရဏံဂုံ တည်ခဲ့ကုန်၏။ ထိုစဉ်က “ဘုရားရတနာ၊ တရားရတနာ” တည်းဟူသည့် “ရတနာနှစ်ပါး”သည်သာ ပေါ်ထွန်းခဲ့ပြီး၊ သံဃာရတနာသည် ပေါ်ပေါက်ခဲ့ခြင်းမရှိသေးပေ။ ထို့ကြောင့် လူသူအများသည် ရတနာနှစ်ပါးအားသာ ဆည်းကပ်ပူဇော်နေကြကုန်၏။ ဗုဒ္ဓ၀င်သမိုင်းကို ပြန်ကြည့်လျှင် ဂေါတမဘုရားရှင် လက်ထက်၌ တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့သည် ထူးခြားစွာ ဘုရားရှင်အား ပထမဆုံး ဆွမ်းကပ်ရသူနှင့် ပထမဆုံး သရဏဂုံ တည်သူများ ဖြစ်ခဲ့၏။

ဆံတော်ရှစ်ဆူ
ဘုရားရှင်အား ပူဇော်ခွင့်၊ ဆွမ်းကပ်ခွင့်ရခဲ့သည့်အတွက် ပီတိဖြစ်ခဲ့ရသည်။ တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့သည် ဆွမ်းကပ်လှူပူဇော်ပြီးလျှင်.“အရ
ှင်ဘုရား၊ တပည့်တော်တို့ အရှင်မြတ်ဘုရားအား ထာဝရကိုးကွယ်ဆည်းကပ်ပူဇော်နိုင်ရန် ဘုရားရှင်ကိုယ်စား ပူဇော်ရာ တစ်ခုအား ပေးသနားတော် မူပါဘုရား” ဟုလျှောက်ထား လေ၏။ “ကောင်းပြီးချစ်သားတို့” မိန့်တော်မူပြီး သကာလ ဦးခေါင်းတော်အား သုံးသပ်ပြီး ဆံတော်မြတ် (၈)ဆူအား ကုန်သည်ညီနောင်တို့ အားပေးသနားတော်မူရာ တဖုဿနှင့် ဘလ်္လိက ကုန်သည် ညီနောင်တို့သည် ၀မ်းမြောက်ပီတိ အပြည့်နှင့် ဗုဒ္ဓဘုရားရှင်၏ ဆံတော်(၈)ဆူအား သင်္ဘောနှင့်ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည် သို့ ပြန်ခဲ့၏။ တဖုဿနှင့် ဘလိ္လက ကုန်သည်ညီနောင်တို့ ဘုရားရှင်၏ ဆံတော်(၈)ဆူအား ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည်သို့ ပြန်လာလျှင် ဥက္ကလာပတိုင်း၏ ပြည့်ရှင်မင်းမြတ် ဥက်္ကလာပမင်းကြီး နှင့်တကွ ပြည်သူတို့က သောင်းသောင်းဖျဖျကြိုဆိုကာ ဖူးမျှော် ကြည်ညိုကြ၏။

နောင်တော်ကြီးစေတီ
ထို့အတူ ဆံတော်(၈)ဆူအား စေတီတော်အဖြစ် တည်ထား ကိုးကွယ်ရန် ဆုံးဖြတ်ကြ၏။ စေတီတော်အား “သိင်္ဂုတ္တရကုန်းတော်” ၌ တည်ထားကိုးကွယ်ရန် မင်းနှင့်ပြည်သူတို့က ဆုံးဖြတ်ပြီး သိင်္ဂုတ္တရ ကုန်းတော်သို့ ပင့်ဆောင်ခဲ့၏။ သိဂုင်္တ္တရကုန်းတော် သို့ရောက်လျှင် ဗုဒ်္ဓဘုရားရှင်၏ ဆံတော်(၈)ဆူအား ကြီးကျယ်ခန်းနားသည့် စံကျောင်း၊ မဏ္ဍာပ်ကြီး ဆောက်လုပ်၍ပူဇော်ခဲ့သည်။ ယင်းစံကျောင်း မဏ္ဍာပ်နေရာ၌ အထိမ်းအမှတ်စေတီတစ်ဆူ တည်ထားခဲ့ကြ၏။ ထိုစေတီသည် “နောင်တော်ကြီးစေတီ”ဟု အမည်တွင်၏။

ဌာပနာထားသော ဓာတ်တော်မြတ် ၄-ပါး
ဥက္ကလာပမင်းကြီးတည်ထားကိုးကွယ်တေ
ာ်မူသော ရွှေတိဂုံ စေတီတော်ကြီး၌ ဘုရား ၄-ဆူ၏ ဓာတ်တော်မြတ်လေးဆူကို ဌာပနာထားသည်ဟု အဆိုရှိသည်။ ဗုဒ္ဓမြတ်စွာတို့၏ ဆံတော်မြတ်၊ ဓာတ်တော်မြတ်တို့အား ရန်သူတို့ အလွယ်တကူ မဖျက်ဆီးနိုင်ရန်အတွက် နတ်တို့သည် ဌာပနာ တိုက်ထည့်သွင်းတည်ရန် ကြံရွယ်ပြီး သိဂုင်္တ္တရကုန်းတော် အလယ်တည့်တည့်၌ “ဇောက် ၄၀၄တောင်၊ အနံ ၄၄ တောင်ရှိသည့် ဥမင်လိုဏ်ခေါင်းတစ်ခုတူးခဲ့၏။ ထိုဥမင်လိုဏ်ခေါင်းအတွင်း၌

၁...ဆူးလေနတ်ကြီးထံမှ ရရှိသော ကကုဿန်မြတ်စွာဘုရားရှင်၏ တောင်ဝှေးတော်

၂..ရောဟဏီမည်သော ဗိုလ်တထောင်နတ်ကြီးထံမှ ရရှိသည့် ကောဂမန မြတ်စွာဘုရားရှင်၏ ရေစစ်တော်

၃..ဒက္ခိဏ မည်သော သင်္ကန်းကျွန်း ကျိုက္ကဆံ နတ်ကြီးထံမှ ရရှိသည့် ကဿပမြတ်စွာဘုရားရှင်၏ ရေသနုပ်သင်္ကန်းတော်မြတ်

၎..တဖုဿနှင့် ဘလ္လိက ညီနောင်တို့ထံမှ ရရှိသော ဂေါတမမြတ်စွာဘုရားရှင်၏ ဆံတော်မြတ်(၈)ဆူအား မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပေါင်း လပြည့်နေ့၌ ကျောက်ဖျာအခင်းအကာများ ပြုလုပ်၍ ဌာပနာတိုက် ထည့်သွင်းတော်မူခဲ့သည်။ ထိုဆံတော်ဓာတ်တို့ကို 'အမြိဿရ' မည်သော မှော်ဘီနတ်ကြီးက စောင့်ရသည်ဟု မော်ဓော ရာဇာဝင်သမိုင်းနှင့် ရွှေတိဂုံသမိုင်း၊ အခြား ပညာရှိတို့ကဆိုကြသည်။ ထို့နောက် ကျောက်ဖျာတိုက်၏ အထက် ၌ ကျောက်ဖျာတင်၍ ဌာပနာတိုက်အား ပိတ်ခဲ့၏။

ပင်မှည့်သီး၏ ကောင်းကျိုးများ

၁။ကင်ဆာဆဲလ်များ ကြီးထွားမှုကို လျော့နည်းစေသည်။
၂။ ပါဝင်သော phenolic acid နှင့် flavonoid ကြောင့် နှလုံးရောဂါကို ကာကွယ်ပေးသည်။
၃။ပိုးသေစေသော အာနိသင်ရှိသည်။
၎။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွာ ပါဝင်သောကြောင့် အိုမင်းမှုကို လျှော့ချပေးသည်။
၅။ကာဗိုဟိုက်ဒြိတ်နှင့် သကြားဓာတ်ပါ ဝင်မှုကြောင့် အားကစား စွမ်းဆောင်ရည်ကို မြင့်စေသည်။
၆။Cholesterol ကျစေရန် ကူညီ ပေးသည်။
၇။vit C, vit A နှင့် potassium တို့ ကြွယ်ဝစွာ ပါဝင်သည်။
၈။၎င်း၏ အစေ့ seed တွင် fiber များစွာပါဝင်သဖြင့် weight ကို ကျစေသည်။
၉။မအိပ်ခင် စားသုံးပေးပါက ကောင်းမွန်စွာ အိပ်စက်စေသည်။


  • မင်းမြတ်အလောင်းစည်သူ

အလောင်းစည်သူက ကျန်စစ်သားရဲ့ အလွန်ချစ်တော်မူတဲ့ မြေးတော်ဖြစ်ပါတယ်။ ကျန်စစ်သားမင်းကြီး နတ်ရွာစံတော့ ထီးနန်းအရိုက်အရာကို ဆက်ခံရတဲ့ ပုဂံမင်း (၅၅) ဆက်ထဲမှာ အနော်ရထာနဲ့ ကျန်စစ်သားပြီးရင် အထင်ရှားဆုံးဖြစ်တဲ့ မင်းကောင်းမင်းမြတ် တစ်ပါးပဲဖြစ်ပါတယ်။ မွေးနေ့ ကြာသာပတေးသားဖြစ်ပြီး ကျောက်စာမှာတော့ အလောင်းစည်သူရဲ့ ဘွဲ့မည်ကို
ဂြိတြိဘုဝနာဒိတျပဝရဓမ္မရာဇာ (ဘုန်းကျက်သရေကြီးသော လူသုံးပါး၏ နေဖြစ်သော တရားမင်း) လို့ လေ့လာတွေ့ရှိ ရတယ်။ ကျောက်စာတွေမှာပဲ ဒီမင်းရဲ့ အမည်ကို သက်တော်ရှည်လို့လည်း တွေ့ရပြီး ရွှေဂူဒါယကာ လို့လည်း ခေါ်ကြတယ်။

ဘိုးတော်ဖြစ်တဲ့ ကျန်စစ်သားမင်းကြီးက မွန်နဲ့ မြန်မာအရှည်ချစ်ကြည်ရေးကို ဥာဏ်သမ္ပတ္တိနဲ့ ကျိုးကြောင်မျှော်မြင် ရည်ရွယ်ပြီး သူ့ရဲ့ အချစ်ဆုံး သမီးတော် ရွှေအိမ်စည်မင်းသမီးနဲ့ အနော်ရထာလက်ထက် ပုဂံမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ သထုံပြည် မွန်ဘုရင်မနူဟာမင်းကြီးရဲ့ မြေးတော် နဂသမန်းတို့ကို လက်ဆက်စုံဖက်ပေးရာမှ မြေးတော်အလောင်းစည်သူကို အလွန် ချစ်တော်မူတဲ့အတွက် မြေးတော်ငယ်ကို ရင်ခွင်မှာ ပိုက်ပြီး “ငါကား၊ ငါ့မြေးနန်းကို စောက်ရှောက်နှင့်ပါသည်သာ၊ အလောင်းဖို့သာ” လို့ မိန့်တော်မူကာ “သီရိဇေယျသူရ” ဆိုတဲ့ ဘွဲ့မည်နဲ့ ဘိသိက်သွန်းပြီး မင်းမြှောက်တာကို ခံခဲ့ရတဲ့ ထူးခြားတဲ့ မင်းလည်း ဖြစ်တယ်။

(၁၁၁၃) မှာ အလောင်းစည်သူမင်းဖြစ်လာတော့ မိဖုရား လေးပါးရှိတယ်။ ဒီမိဖုရားတွေကတော့ . . .

၁. ရတနာပုံ
၂. တိလောကစန္ဒာဒေဝီ
၃. ရာဇကုမ္မာရီ
၎. တောင်ပြင်သည် လို့ အမည်ရှိတဲ့ မိဖုရားလေးပါးဖြစ်တယ်။

ရတနာပုံမိဖုရားက သားတော်မင်းကြီးရှင်စောကို မွေးတယ်။ ဦးဆောက်ပန်း လို့လည်းခေါ်တဲ့ လောကစန္ဒာဒဝီကတော့
တောက်လှေကားကို မွေးတယ်။ ရာဖကုမ္မာရီ ကတော့ သားသမီး မရခဲ့ဘူး။ တောင်ပြင်သည် မိဖုရားကတော့ တောင်ဖျားနဲ့ ရွှေချုလို့ အမည်ရှိတဲ့ သမီးတော် နှစ်ပါးကို ဖွားမြင်တယ်။

ဒီနေရာမှာရေးရရင် နန်းရတဲ့ မိဖုရားက မွေးတာတွေထဲမှာ ပုဂံရာဇဝင်မှာ မင်းဆိုးမင်းညံ့လည်းဖြစ်၊ ကိုယ့်ဖခင်အရင်းကိုသတ်တဲ့ သားဆိုးလည်းဖြစ်တဲ့၊ မကောင်းတဲ့ဘက်က ထင်ရှားတဲ့ အလောင်းစည်သူရဲ့ သားတော်တစ်ပါးဖြစ်တဲ့ နရသူကို မတွေ့ရဘူး။

နရသူ ပျောက်နေလို့ သေချာလေ့လာလိုက်တော့မှ နရသူဟာ အလောင်းစည်သူရဲ့ နန်းရမိဖုရားတွေထဲက မွေးတာမဟုတ်ပဲ ကိုယ်လုပ်တော်ကနေ မွေးတဲ့သား ဖြစ်တယ်ဆိုတာ တွေ့ရတယ်။ ကိုယ်လုပ်တော်ဆိုတာကတော့ မိဖုရားငယ်လည်း မဟုတ်၊ မောင်းမငယ်ထက်လည်း မကတဲ့ ဘုရင်အလိုရှိရင် ဘုရင့်ဆန္ဒကို ဖြည့်စွမ်းရတဲ့၊ လုပ်ကျွေးရတဲ့ အတန်းအစားပဲဖြစ်တယ်။

အဲဒီ ကိုယ်လုပ်တော်ရဲ့ နာမည်ကိုတော့ ရာဇဝင်တွေမှာ မတွေ့ရဘူး။ ကျန်စစ်သားမင်းကြီးရဲ့ အမတ်တစ်ဦးဖြစ်တဲ့ ဓမ္မကျင်ရဲ့ သမီးဖြစ်တယ်ဆိုတာပဲ သိရတယ်။ အလောင်းစည်သူမင်းရဲ့ မိဖုရားတွေထဲမှာ ထင်ရှားတဲ့ မိဖုရားကတော့ ရတနာပုံပဲဖြစ်တယ်။ တိုင်းချွတ်ဘုရားကျောက်စာအရ ရတနာပုံမိဖုရားဟာ ပုဂံမှာ ဂူဘုရားပြုလို့ လှူဒါန်းခဲ့တယ်ဆိုတာလည်း လေ့လာသိရှိရတယ်။

အလောင်းစည်သူမင်းဟာ အမတ်၊ စစ်သည်၊ ဆင်မြင်းအလုံးအရင်းနဲ့ အရပ်ရပ်ကို တိုင်းခန်းလှည်လည်တော်မူတဲ့ မင်းတစ်ပါးလည်း ဖြစ်တယ်။ ရေလမ်းကလည်း မိဖုရား၊ မောင်းမမိဿံ၊ အခြွေအရံတွေနဲ့အတူ သွားလာတော်မူတဲ့ မင်းလည်း ဖြစ်တယ်။ ဖောင်တော်နဲ့သာ မဟုတ်ပဲ သင်္ဘောနဲ့လည်း သွားလာတဲ့အတွက် သိန်းခိုကျွန်းကို ရောက်ခဲ့ပြီး သိန်းခိုမင်းက သမီးတော် စောဦးထွေးကို ဆက်သတယ်ဆိုတာလည်း တွေ့ရတယ်။

အလောင်းစည်သူဟာ ဆည်မြောင်းကန်ချောင်းတွေကို ပြုပြင်ပြီး မန္တလေးအနီးက နန္ဒာကန်နဲ့ မောင်းမကန်ကိုလည်း ဆည်တော်မူတယ်။ နိုင်ငံတော်မှာ အသုံးအဆောင် အချိန်အတွယ်တွေကို တစ်ညီတည်းဖြစ်စေလိုတဲ့အတွက် ကျပ်၊ မူး၊ ပဲနဲ့ တင်း၊ ခွဲ၊ စိတ်၊ စရွတ်၊ ပြည်၊ ခွက်စလယ် စတာတွေကို တိကျအောင် စီရင်တော်မူတယ်။

လယ်ယာတွေကိုလည်း တိုးချဲ့တည်ထွင်စေပြီး တောင်ယာဝေငှကာ လယ်ယာစိုက်ပျိုးရေးကိုလည်း အားပေးပြီး မြို့ရွာအသစ်တွေကိုလည်း ထူထောင်ကာ နိုင်ငံတော်တိုးတက်ရေးကိုလည်း အလေးထားဆောင်ရွက်ခဲ့တယ်။

သူ့ရဲ့တရားစီရင်ထုံးတွေကိုလည်း စုစောင်းပြီး “အလောင်းစည်သူမင်းမြတ်ထုံး” ဆိုပြီး ရေးသားထားတာကိုလည်း တွေ့ရတယ်။ အလောင်းစည်သူမင်းဟာ ပြည်ပက တိုင်းပြည်တွေကို ရေလမ်းခရီးနဲ့ သွားရောက်ခဲ့ရာမှာ အိန္ဒိယပြည်၊ သီဟိုဠ်ကျွန်းနဲ့ မလေးကျွန်းဆွယ်တွေအထိ ရောက်ရှိခဲ့ပြီး ရောက်လေရာအရပ်မှာ လက်ဆောင်ပဏ္ဍာတွေ ဆက်သတာ ခံရတဲ့ မင်းလည်းဖြစ်တယ်။ တရုတ်ပြည်ကိုလည်း ကုန်းလမ်းခရီးက သွားရောက်ခဲ့တယ်လို့ သိရှိရတယ်။

နိုင်ငံအေးချမ်းသာယာရေးအတွက်လည်း ပြည်၊ ပုသိမ်နဲ့ တနင်္သာရီနယ်တွေမှာရှိတဲ့ သူပုန်တွေကို နှိမ်နင်းခဲ့တယ်။ သူ့လက်ထက်မှာ စစ်မက်တွေ ကင်းရှင်းတဲ့အတွက် ပြည်သူတွေဟာ ကိုယ်စိတ်နှစ်ပါးချမ်းသာကြပြီး စီးပွားရေးနဲ့ ဘာသာရေးဆိုင်ရာ ကိစ္စတွေကိုလည်း တိုးတက်အောင် လုပ်ကိုင်ဆောင်ရွက်နိုင်ခဲ့ကြတယ်။

ပုဂံမင်းတွေထဲမှာ မင်းကောင်းမင်းမြတ်တစ်ပါးဖြစ်တဲ့ အလောင်းစည်သူမင်းဟာ ကုသိုလ်ကောင်းမှုများစွာကိုလည်း ပြုလုပ်ခဲ့ပြီး သူရဲ့ထင်ရှားတဲ့ ကောင်းမှုတော်တွေကတော့ သဗ္ဗညုဘုရား၊ ရွှေဂူကြီးဘုရား၊ ဓမ္မရံကြီးဘုရား၊ စစ်ကိုင်းက ရှင်ဖြူရှင်လှဘုရားနဲ့ အညာသပိတ်ကျဉ်းက ကျော်လေးဆူအဝင် အညာသီဟတောဘုရား၊ ပုခုက္ကူနယ် ကွန်းရွာက ရွှေတန်တစ်ဘုရား၊ ရေစကြိုနယ် ဆင်ကြိုရွာက ဆင်ကြိုဘုရား၊ ပုခုက္ကူနယ် ပုခန်းကြီးအနိးက ဆင်မတောင်ဘုရား၊ မြတ်ပေါင်း မဉ္ဇူဘုရား၊ စည်သူရှင်ဘုရား၊ ပခုက္ကူက သီဟိုဠ်ရှင်ဘုရား၊ ပခုက္ကူအနောက် ဘီးလင်းတောင်အနိးက ရွှေကွန်အုပ်ဘုရား၊ ပခုက္ကူနယ် ပျင်ချောင်းတစ်ဖက် ယောမြစ်တောင်ဘက်ကမ်းက ရွှေမုဋ္ဌောနဲ့ ရွှေပေါင်လောင်ဘုရား၊ မန္တလေးခရိုင်သင်ပန်ကုန်းကျော်စဉ်က ဘုရားတွေပဲ ဖြစ်တယ်။

ရွှေဂူဘုရားက ရွှေဂူစေတီကျောက်စာမှာတော့ ပါဠိနဲ့ မြန်မာစာရောတဲ့ အရေးအသားတွေတွေ့ရပြီး ကဗျာရေးဟန်ဆန်တဲ့ ပါဠိဂါထာ အရေးအသားမျိုးဖြစ်တာကို လေ့လာတွေ့ရှိရတယ်။

ဒီမင်းလက်ထက်မှာ မြန်မာတွေဟာ ဘာသာရေးကို ပိုလို့ အလေးထားလေးစားယုံကြည်သလို မြန်မာစာပေကိုလည်း ရေးသား လာကြသလို၊ ပါဠိစာပေမှာလည်း ကျွမ်းကျွမ်းကျင်ကျင်ကို တတ်မြောက်ခဲ့ကြတယ်။ စာပေအရေးအသားနဲ့ ပတ်သက်လို့ပြောရရင် အလောင်းစည်သူမင်း လက်ထက်မှာ ပါဠိစာပေကပဲ အဓိကဖြစ်နေသေးတယ်။ ဒီမင်းလက်ထက်မှာ ပုဂံပိသုကာလက်ရာတွေကလည်း ကျန်စစ်သားမင်း လက်ထက်ကလို မွန်ပိသုကာလက်ရာမျိုးတွေ မဟုတ်တော့ဘဲ မြန်မာပိသုကာလက်ရာတွေကို တွေ့လာရတယ်။

အလောင်စည်သူမင်းဟာ နိုင်ငံပြင်ပ အရပ်ရပ်ဒေသတွေကိုရောက်ရှိပြီး အသစ်အဆန်းတွေကို တွေ့ရတဲ့အတွက် မိမိနိုင်ငံကို ပြန်ရောက်တဲ့အခါမှာလည်း တီထွင်ဆန်းသစ်မှုတွေကို ပြုလုပ်ခဲ့တယ်။ ရေလမ်းခရီး သွားလာရေးအတွက် လှော်ကားလှေနဲ့ တခြားဆန်းပြားတဲ့ လှေပုံစံ အမျိုးမျိုးကိုလည်း တီထွင်ဆောက်လုပ်ခဲ့တယ်။ မြန်မာဂီတအနေနဲ့လည်း ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်စတဲ့ တူရိယာငါးပါးကိုလည်း အပြည့်အစုံတီထွင်ခဲ့တယ်လို့ သိရှိရတယ်။

သီဟိုဠ်နိုင်ငံနဲ့လည်း ဆက်ဆံရေးကောင်းမွန်ခဲ့ပြီး သီဟိုဠ်သံဃာတော်တွေကိုလည်း ကျောင်းများဆောက်လုပ်လှူဒါန်းခဲ့တယ်။ သီဟိုဠ်မင်းသမီးနှစ်ပါးကိုလည်း မိဖုရားမြောက်ခဲ့သလို၊ နန်းတွင်းမှာလည်း သီဟိုဠ်သားတွေကို အမှုထမ်းအဖြစ်ခန့်အပ်ခဲ့တယ်။ အလောင်းစည်သူမင်းနဲ့ ပတ်သက်ပြီး သမိုင်းမှာ စိတ်ဝင်စားစရာ၊ သိထားစရာ၊ သတိထားစရာတွေလည်း ရှိပါတယ်။ ဖြစ်ရပ်တစ်ခုကတော့ သက်တော်ကြီးရင့်လာပြီ ဖြစ်တဲ့ အလောင်းစည်သူက သူ့အမတ်တွေကို သူမအိုသေးကြောင်း အသက်ကြီးပေမယ့် သူ့မှာ စွမ်းရည်တွေ၊ သတ္တိတွေ၊ အားမာန်တွေနဲ့ ပြည့်စုံနေသေးကြောင်း ပြသတာပဲဖြစ်ပါတယ်။

တနေ့. . . ညီလာခံဝင်တဲ့ အချိန်မှာ အလောင်းစည်သူဟာ လက်ရုံးတော်ကို ဆန့်ပြီး ကြုံးဝါးတော်မူတဲ့အခါ သက်တော်ကြီးလို့ လက်ပျဉ်းတော်ကျတာကို အမတ်တွေက မြင်တော့ ရယ်ကြတယ်လို့ ဆိုပါတယ်။

ဒါကို အလောင်းစည်သူက ရိပ်မိတော့ အမတ်တွေကို “ဟယ်. . . အမတ်တို့၊ ယောက်ျားတစ်ယောက်သည် ဦးပေါင်းကျားနှင့် မြင်းကျားစီး၍ တူးရွင်းတောင်ခြေ၌ နေဝင်လျှင် လာသမျှလူကို အနိုင်အထက်ပြု လုနေသည်ကို အသင်တို့ မကြားကုန်သလော။ ထိုယောက်ျားကို အသင်တို့လေးယောက် ရအောင်ဖမ်းချေ။ မရသော် အသင်တို့ကို မျက်အံ့” လို့ အမိန့်တော်ရှိတယ်။

ညနေချိန်ရောက်တော့ အမတ်လေးယောက်သည် မြင်းလေးစီးကို ယူပြီး ဦးပေါင်းကျားနဲ့ ယောက်ျားကို ဖမ်းဖို့ တူရွင်းတောင်ခြေကို သွားကြတယ်။

အလောင်းစည်သူကလည်း ရုပ်ဖျက်ပြီး တူရွင်းတောင်ခြေကို အပြင်းသွားတယ်။ အမတ်လေးယောက်လည်း ဦးပေါင်းကျားနဲ့ မြင်းကျားစီးသူကို တွေ့တော့ အရဖမ်းမယ်ဆိုပြီး လိုက်ကြတယ်။ အလောင်းစည်သူကလည်း မြင်းကို တက်တုံ၊ ခွာတုံ၊ ချဉ်းတုံ အမျိုးမျိုးလုပ်ပြတယ်။ ပြီးတော့မှ ညောင်ဦးကမ်းပါးဆင်းပြီး မြင်းတော်ပန်းတာကို ရေချတယ်။

အမတ်တွေက . . .

“ထိုသူသည် ငါတို့ကို ကြောက်၍ ချောက်တွင်ဆင်းပြီး သေလေပြီ” လို့ ထင်နေကြတယ်။ အဲဒီနောက် အလောင်းစည်သူလည်း မြင်းတော်အပန်းပြေတာနဲ့ ချောက်ကပြန်တက်ပြီး မြင်းလေးစီးဝန်ရံနေတာကို လွတ်အောင်ထိုးဖောက်ကာ ချဉ်းတုံ၊ ခွာတုံပြုလုပ်တဲ့အခါ အမတ်တွေလည်း “ဤလူကား လူမဟုတ်နိုင်၊ နတ်ဘီလူးပင်ဖြစ်တန်ရာသည်” လို့ တွေးပြီး ကြောက်ရွံ့စိတ်တွေ ဝင်လာကြသလို ဦးပေါင်းကျားနဲ့ မြင်းကျားစီးသူကို ဘယ်လိုမှ မဖမ်းနိုင်ဖြစ်ကြရတယ်။

မနက်မိုးသောက်လို့ ညီလာခံချိန်ရောက်တော့ အလောင်းစည်သူက အမတ်လေးယောက်ကို . . .
“ဟယ်. . . အမတ်တို့၊ မြင်းကျားစီးသောသူကို အသင်တို့ တွေ့မိလော” ဟု မေးလိုက်တယ်။

အဲဒီမှာ အမတ်လေးယောက်ကလည်း . . .
“တင်လျှောက်ပါသည် ဘုရား၊ မြင်ကျားစီးသောသူကား လူဖြစ်ဟန်မတူ၊ နတ်ဘီလူးဖြစ်နိုင်ရာသည်။ လူဖြစ်လျှင်လည်း လူမည်ကားမဟုတ်၊ ကြီးမြတ်သော ဘုန်းတန်ခိုးရှင်ပင် ဖြစ်တန်ရာသည်။ ကျွန်တော်တို့ ဖမ်း၍မရနိုင်ပါ” လို့ နားတော်လျှောက်ကြတယ်။

ဒီအခါမှာ အလောင်းစည်သူက . . .
“ဟယ်. . . အမတ်တို့၊ နင်တို့ ငါ့ကို အိုပြီဟူ၍ မှတ်ကြသည်။ ငါ မအိုသေး” ဟု မိန့်တော်မူလိုက်တဲ့အတွက် ညီလာခံမှာ ခစားနေကြတဲ့ မှူးမတ်ဗိုလ်ပါတွေအားလုံးဟာ ကြောက်ရွံ့ခြင်းပြင်းစွာ ဖြစ်ကုန်ကြရတယ်လို့ ဆိုပါတယ်။

ပြီးတော့ ဒီမင်းဟာ ဘုန်းလက်ရုံးတွေနဲ့ ပြည့်စုံတဲ့ မင်းဖြစ်တဲ့အပြင် ဆင်အတတ်၊ မြင်းအတတ်၊ လေးအတတ်တွေလည်း တဖက်ကမ်းခတ် အပြီးတိုင်တတ်မြှောက်တယ်လို့ ရာဇဝင်တွေက ဆိုတာတွေ့ရတယ်။

တခါမှာတော့ အိန္ဒိယက ပဋိက္ကရားမင်းက သမီးတော်ကို ဆက်လာတာမှာ အလောင်းစည်သူမင်းက မြတ်နိုးတော်မူတဲ့အတွက် “ပဘာဝတီ” ဆိုတဲ့အမည်နဲ့ မိဖုရားအရာမှာထားပြီး အနိးမှာ လုပ်ကျွေးစေတယ်။ တနေ့မှာ ခမည်းတော်ဖြစ်သူကို ခစားဖို့သားတော်တွေ ရောက်လာကြတဲ့အခါ ပဘာဝတီဟာ အလောင်းစည်သူမင်းနဲ့အတူ ထိုင်နေရာက သလွန်တော်ထက်က မဆင်းပဲနေပါတယ်။

အဲဒီလိုနေတာကို သားတော်ကြီးဖြစ်တဲ့ မင်းရှင်စောမြင်တော့ . . .
“မှူးတော်မတ်တော်တို့အလယ်မှာ ငါ့သားကြီးရှိလျက်နှင့် ကုလားမင်းသမီးသည် သလွန်ထက်နေရသည်။ နေရာသည်လော” လို့တွေးပြီး မျက်နှာလွဲနေတယ်။
ပြီးတော့မှ ဆက်ပြီး မခစားတော့ပဲ ကိုယ်မကျန်းမာရှိတယ်လို့ဆိုပြီး ထသွားတာကို အလောင်းစည်သူမင်းက မြင်လိုက်တယ်။

နောက်တစ်ခါလည်း အထိန်းတော်သား အနန္တသူရိယကို သနားတော်မူလို့ မင်းသားတွေသာ ဝတ်ထိုက်တဲ့ ဝတ်လုံကို ပေးတော်မူတယ်လို့ ဆိုတယ်။

အဲဒီဝတ်လုံကို အနန္တသူရိယဝတ်လာတာ မင်းရှင်စောကမြင်တဲ့အခါ “ဤအဝတ်ကား. . . မင်းထိန်း၊ မင်းယတို့ ဝတ်ထိုက်သောအဝတ်မဟုတ်။ မင်းညီမင်းသားတို့သာဝတ်ထိုက်သော အဝတ် ဖြစ်သည်။ ဤကဲ့သို့ အရောရောအနှောနှော မဝတ်လေနှင့်” လို့ ဆိုလိုက်ပြီး ဝတ်လုံကို ချွတ်လဲစေတယ်လို့ ဆိုပါတယ်။

ဒီအကြောင်းကို အလောင်းစည်သူကြားတဲ့အခါ “ငါပေးတော်မူ၍ဝတ်သည်ကို ငါမသေမီကပင် ဤကဲ့သို့ ပြုကျင့်သည်။ ငါမရှိ၍ မင်းဖြစ်မူကာ ငါ့သားတော်၊ ငါ့သမီးတော်၊ မှူးတော်မတ်တော်တို့ကို ညှဉ်းပန်းနှိပ်စက်မည်မှာ မလွဲ” လို့တွေးပြီး မင်းရှင်စောကို အကျဉ်းနှောင်အိမ်ထဲ ထည့်ထားလိုက်တယ်။ ဒါပေမယ့် မယ်တော်ဖြစ်တဲ့ ရတနာပုံမိဖုရားက သနားတော်မူဖို့အကြောင်း တင်လျှောက်လို့ “ငါမြို့တွင်မူမနေလေနှင့်” လို့ဆိုမိန့်ပြီး နှင်ထုတ်လိုက်တယ်။ မင်းရှင်စောလည်း သူ့ရဲ့ မြင်းဆင်ဗိုလ်ပါတွေနဲ့အတူ မန္တလေးအရှေ့တောင်ဘက် ထွန်းတုံးပူတက်အရပ်မှာ ရွာတည်ပြီးနေတယ်။

အလောင်းစည်သူဟာ သားတော်ကြီးမင်းရှင်စောကို ပုဂံမှနှင်ထုတ်တော်မူပြီးတော့ သားတော်တစ်ဦးဖြစ်တဲ့ နရသူကို လုပ်ရည်ကြံရည်ရှိတယ်လို့ ဆိုပြီး ပြည်ထဲရေးအမှုတွေကို စီရင်ကွပ်ညှပ်စေတယ်။

ဘုန်းလက်ရုံး တန်ခိုးအာဏာနဲ့ ပြည့်စုံတဲ့ အလောင်းစည်သူမင်းကြီးဟာ နန်းစည်းစိမ် နှစ် (၇၀) ကြာအောင် နိုင်ငံတော်အကျိုး၊ သာသနာတော်အကျိုးတွေကို ဆောင်ရွက်လာခဲ့တဲ့ သက်တော် (၈၅) နှစ် အရောက်မှာ အသည်းအသန် နာဖျားခြင်းဖြစ်တော်မူတယ်။ အဲဒီအခါမှာတော့ သားတော်နရသူက ဖခင်ကို နန်းကချလိုက်ပြီး ရွှေဂူဘုရားမှာထားတယ်။

မင်းကြီး သတိရလာတဲ့အခါမှာ “ငါ့နန်းမဟုတ်ပါတကား” လို့ မိန့်တော်မူတော့ ကိုယ်လုပ်တော်တွေက “နန်းမဟုတ်ပါ၊ ကောင်းမှုတော်သာ ဖြစ်ပါသည်” လို့ နားတော်လျှောက်ကြတယ်။ အဲဒီမှာ မင်းကြီးက “ဘယ်သူ့အတတ်နည်း” လို့ မေးတော့ “သားတော်နရသူရဲ့ အစီအမံဖြစ်ပါသည်” လို့ လျှောက်တင်တာကို ကြားလိုက်ရတဲ့အတွက် ကြီးစွာသောအမျက်တော်ရှပြီး ကိုယ်တော်အလုံးမီးကဲ့သို့ ဖြစ်စေတယ်လို့ ဆိုတယ်။

အဲဒါကို သိရတော့ အာဏာပလ္လင်အတွက် မိမိရဲ့ ဖခင်ရင်းကိုပင် မညှာတဲ့ သားမိုက် နရသူဟာ “မင်းကြီးအနာမှထမြောက်တော်မူချေသော် ငါပျက်ဆီးခြင်းသို့ရောက်ရတော့မည်” လို့ တွေးပြီး အလောင်းစည်သူမင်းကြီးကို အဝတ်၊ ပုဆိုးတွေနဲ့ ဖိပြီးသတ်လိုက်တယ်။

ပြောရရင် နရသူကတော့ မြန်မာ့သမိုင်းမှာ အညစ်အစွန်းများတဲ့ မင်းဆိုးမင်းညစ်တစ်ပါးဖြစ်တယ်။ ဖခင်ရင်းကိုလည်း သတ်ခဲ့သလို၊ နောင်တော်မင်းရှင်စောကိုလည်း မကောင်းတဲ့ ဥဏ်နီဥဏ်နက်တွေဆင်၊ ထီးနန်းအပ်ပါမည်လို့ အယုံသွင်းပြီး စားတော်ထဲမှာ အဆိပ်ခတ်ခဲ့တဲ့ မင်းလည်း ဖြစ်တယ်။ ပြီးတော့ အလောင်းစည်သူရဲ့ မိဖုရား ကုလားမင်းသမီးကိုလည်း မိဖုရားမြှောက်ပြီးမှ သတ်ပစ်ခဲ့တဲ့မင်းလည်း ဖြစ်တယ်။ စိတ်ထားအလွန်ညံ့သလို ရက်စက်ယုတ်မာပြီး ကောက်ကျစ်တဲ့ မင်းလည်းဖြစ်တယ်။ ဒီမင်းနန်းစံခဲ့တဲ့ကာလမှာ မိဖုရားတွေ၊ မှူးမတ်ဗိုလ်ပါတွေနဲ့ ပြည်သူလူထုတွေလည်း စိတ်ဆင်းရဲ ပင်ပန်းခြင်းတွေ ဖြစ်ခဲ့ကြရတယ်။ နောက်ဆုံးမှာတော့ သူလည်း ဇာတ်သိမ်းမလှခဲ့ပါဘူး။ ကုလားမင်းသမီးကို သတ်ပစ်တဲ့အတွက် အိန္ဒိယကုလားတိုင်းပြည်က ကုလားသူရဲကောင်း (၇) ယောက် ရောက်လာပြီး လုပ်ကြံတာခံလိုက်ရတဲ့အတွက် သမိုင်းမှာ “ကုလားကျမင်း” ဆိုတဲ့ အမည်ဆိုးနဲ့ သေခဲ့ရတဲ့ မင်းဖြစ်ပါတယ်။

၁၁၆၇ ခုနှစ်မှာတော့ သားဖြစ်သူရဲ့ လက်ချက်နဲ့ နတ်ရွာစံခဲ့ရတဲ့ အလောင်းစည်သူမင်းကြီးကတော့ အိမ်နှိမ့်စံ (၁၅) နှစ်၊ နန်းစည်းစိမ် (၅၄) နှစ်၊ သက်တော် (၆၉) နှစ်မှာ နတ်ရွာစံတာဖြစ်ပြီး အနော်ရထာမင်း၊ ကျန်စစ်မင်းတို့လိုပဲ ထင်ရှားတဲ့ ပြည်သူချစ်တဲ့ မင်းကောင်းမင်းမြတ်တစ်ပါးအဖြစ် သမိုင်းမှာ နာမည်ကောင်းကျန်ခဲ့တဲ့ မင်းလို့ဆိုလိုက်ပါရစေ။

ဟိန်းဇေ



မှတ်ချက်

ဘုန်းလက်ရုံး တန်ခိုးအာဏာနဲ့ ပြည့်စုံတဲ့ အလောင်းစည်သူမင်းကြီးဟာ နန်းစည်းစိမ် နှစ် (၇၀) ကြာအောင် နိုင်ငံတော်အကျိုး၊ သာသနာတော်အကျိုးတွေကို ဆောင်ရွက်လာခဲ့တဲ့ သက်တော် (၈၅) နှစ် အရောက်မှာ အသည်းအသန် နာဖျားခြင်းဖြစ်တော်မူတယ်။ လို့ရေးသားထားသလို ၁၁၆၇ ခုနှစ်မှာတော့ သားဖြစ်သူရဲ့ လက်ချက်နဲ့ နတ်ရွာစံခဲ့ရတဲ့ အလောင်းစည်သူမင်းကြီးကတော့ အိမ်နှိမ့်စံ (၁၅) နှစ်၊ နန်းစည်းစိမ် (၅၄) နှစ်၊ သက်တော် (၆၉) နှစ်မှာ နတ်ရွာစံတာဖြစ်ပြီး လို့လည်းရေးထားပါတယ်။

ကမ္ဘာ့ဘဏ်၊ အာရှဒေသဆိုင်ရာ ဒါရိုက်တာ ဟု Eleven မှ ဖော်ပြခဲ့သော Mr. JELSON GARCIA မှ
Eleven အယ်ဒီတာချုပ် ဝေဖြိုးသို့ပေးသော အိတ်ဖွင့်စာ

Date: 09/13/2013 12:03 AM
Subject: Clarifying email on your article
________________________________________
Dear Wai Phyo,
It has come to my attention that your article appearing on Daily Eleven dated September 11, 2013 quoted me as saying:
* to the effect that Myanmar has $US 11 billion located in 5 accounts; and * that I work for the World Bank as Asia Manager.
Let me set the record straight.
First, I did not say in categorical terms that the government does have it in such number of accounts. As this part was discussed in the context of the larger session on processes of IFI re-engagement in Myanmar, I touched upon the accounts in connection with the arrears clearance options that were being considered in 2012. It was based on the information I and my colleagues received from our meetings with the World Bank and ADB in March and April 2012. Based on combined notes from me and colleagues who attended those meetings , they highlighted that Myanmar has reserves in some accounts but there were different estimated figures and they did not specify which banks the accounts were located.

Second, I do not work for the World Bank. As I and Khin Ohmar, our translator for the session clarified at the outset, I work for the Bank Information Center, an independent nonprofit organization. We have independently engaged with the World Bank since the late 1980s. As such, neither do we speak for nor represent the World Bank or any other multilateral development institutions.

Khin Ohmar simply translated what I said. The article does not accurately reflect mine and the translation. It would have been prudent on your side if you had verified with me or Khin Ohmar before publishing the article as it has been creating reactions from various quarters and is likely being blown out of proportion, which certainly is not in my control.

The World Bank issued a press release today (http://issuu.com/.../1...) clarifying on its behalf about my organization and the government accounts. If you need further information, it is best to contact their Yangon office (myanmar@worldbank.org<mailto:myanmar@worldbank.org>) or visit their website : http://www.worldbank.org/en/country/myanmar. I also copied the WB Myanmar Country Manager here.
I hope it helps you in setting the record straight.
Sincerely,
JELSON GARCIA Asia Program Manager Bank Information Center jgarcia@bicusa.org<mailto:jgarcia@bicusa.org>; Skype:jelson975 Ph: 202 6240622; Mob: 202 8022995 www.bicusa.org<http://www.bicusa.org/>s
( Credit to Oo Kyaw )
မြန်မာနိုင်ငံမှ      ပြည်ပတွင် ဘဏ်စာရင်းငါးခုဖြင့် အပ်ထားသည့် ငွေမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံအထိ ရှိ၍ဖြစ်ကြောင်း၊ မည်သည့်အကောင့်များဆိုသည်ကို ကမ္ဘာ့ဘဏ်က သိကြောင်း၊ မြန်မာနိုင်ငံအား ကြွေးမြီနှင့်ပတ်သက်၍ ဖြေရှင်းရန် နည်းလမ်းသုံးခုပေးခဲ့ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အဆိုပါဘဏ်စာရင်းငါးခုကို လုံးဝမထိသည့်နည်းလမ်းကို ရွေးချယ်ခဲ့ ကြောင်း ကမ္ဘာ့ဘဏ်၊ အာရှဒေသဆိုင်ရာ ဒါရိုက်တာ Mr. Jelson Garcia က ပြောကြားခဲ့သည်ဟု Eleven Media မှ စာနယ်ဇင်းကျင့်ဝတ်အား ဖောက်ဖျက်၍ မလျော်ကန်စွာဖော်ပြခဲ့ပါသည်

အဆိုပါသတင်းနှင့် ပတ်သက်၍ ကမ္ဘာ့ဘဏ်က စက်တင်ဘာ ၁၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့ရာ Mr. Jelson Garcia သည် NGO အဖွဲ့အစည်းဖြစ်သည့်  Bank Information Center(BIC) တွင် တာဝန် ထမ်းဆောင်နေသူ တစ်ဦးသာလျှင်ဖြစ်ပြီး ကမ္ဘာ့ဘဏ်(The World Bank) အဖွဲ့အစည်းနှင့် မည်သို့မှ သက်ဆိုင်ခြင်းမရှိသည့်အပြင် ကမ္ဘာ့ဘဏ်အဖွဲ့အစည်း၏ ကိုယ်စားပြု ပြောရေးဆိုခွင့်ရှိသူတစ်ဦး မဟုတ်ကြောင်း၊  ကမ္ဘာ့ဘဏ်၏ ကြွေးကျန်များကို ရှင်းလင်းရန်နှင့် နှစ်ရှည်အတိုးမဲ့ချေးငွေများကို ပြန်လည်ရယူနိုင်ရန်အတွက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရသည် မဟာဗျူဟာမြောက် သည့် ဆုံးချတ်ချက်တစ်ခုကို ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ ထိုနှစ်ရှည်အတိုးမဲ့ချေးငွေများကို            မြန်မာ ပြည်သူများ အကျိုးခံစားခွင့်ရရှိနိုင်မည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင် ရွက်ရာတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ထိုဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံအစိုးရအနေဖြင့် စီးပွား ရေးဆိုင်ရာ ဖိအားများဖြစ်ပေါ်လာနိုင်သည့်ကာလတွင် ဂရုပြုဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ ယုံကြည်မှုရရှိစေမည့် အပေါင်းလက္ခဏာတစ်ရပ် ဖြစ်ခဲ့ကြောင်း၊ ကုန်သွယ်ရေးနှင့် ၀န်ဆောင်မှုဆိုင်ရာ လုပ်ငန်းများ ချောမွေ့လွယ်ကူစေရန်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းများကို တည်ငြိမ် အောင် စီမံဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံရပ်ခြားဘဏ်စာရင်းများ ထားရှိခြင်းသည် နိုင်ငံတော်အစိုးရ များ၏ ပုံမှန်လုပ်ငန်းတစ်ရပ်ဟု ကမ္ဘာ့ဘဏ်က ယူဆကြောင်း ပါရှိပါသည်။

ပြည်ရွှေမြန်မာဖြစ်ဖို့ မဖြစ်မနေဆောင်ရွက်ရမဲ့ ငြိမ်းချမ်းရေးတည်ဆောက်နည်း အပိုင်း(၁) + (၂)

From : ..Jing Hpaw Land
 
လက်ရှိအခြေအနေမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးနည်းပါးနဲ့ အပစ်အခတ်ရပ်စဲဘို့အတွက် MPC (Myanmar Peace Center) က ဦးဆောင်ဦးရွက်ပြုပြီး လုပ်နေတာအတော်လေးခရီးရောက် နေတာမြင်တွေ့နေရပါတယ်။ မြန်မာပြည်ငြိမ်းချမ်းရေးရဖို့လုပ် နေတာဟာ အခုမှမဟုတ်ပါဘူး..ယခင်တပ်မတော်အစိုးရလက်ထက်ကတည်းက
တစိုက်မတ်မတ်ဆောင်ရွက်ခဲ့တဲ့ ရည်ရှည်လုပ်ငန်းကြီးတစ်ခုပါ။ ယခင်တပ်မတော်အစိုးရ လက်ထက်တုန်းက လက်နက်ကိုင်အဖွဲ့အစည်းကြီး (၁၇) ဖွဲ့နဲ့ ငြိမ်းချမ်းရေးရရှိခဲ့ပါတယ်။
အခု ဒီမိုကရေစီအစိုးရသစ် လက်ထက်မှာလဲ တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ အဆင့်ဆင့်ငြိမ်းချမ်းရေး လုပ်ငန်းတွေဆောင်ရွက်နေတာကို တွေ့မြင်
ရမှာဖြစ်ပါတယ်။
ဒါဆိုရင် မြန်မာပြည်တစ်ကယ်အေးချမ်တော့မှာလား?
ဒီနေရာမှာ ကျွန်တော်တို့ နောက်ကြောင်းကို ပြန်ကြည့်ဖို့ အတိတ်ကို ပြန်တွေးဖို့ လက်နက် ကိုင်အဖွဲ့အစည်းတွေဟာ ဘာကြောင့်လက်နက်ကိုင်တိုက်ခိုက်ချင်နေကြတာလဲဆိုတာတွေကို သိဖို့လိုပါတယ်။ MTA,SSA,WUSA,PNO,PNA,DKBA,KIO စသည်ဖြင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေနဲ့ငြိမ်းချမ်းရေးရယူနိုင်ခဲ့ပါတယ်။ ဘယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကိုမှ ထိခိုက်နင့်နာစေလိုတဲ့ရည်ရွယ်ချက်မရှိဘဲ အမှန်အတိုင်းပြောရရင်တိုင်းရင်းသားဆိုတဲ့လူမျိုးတွေက
နာမည်အတပ်ခံဘဲရှိတာပါ။ဘယ်အဖွဲ့မှအမျိုးချစ်လို့စစ်တိုက်နေတာမဟုတ်ဘူး။ကိုယ်ကျိုးစည်းပွားရှာနေကြတာကြည့်ပါဘဲ။ အစိုးရနဲ့ငြိမ်းချမ်းရေမယူခင်တုန်းက တောထဲကနေတရားမ၀င်
ကိုယ်ကျိုးစီးပွားရှာတယ်။ ငြိမ်းချမ်းယူပြီးတော့ရောပိုတောင်အခွင့်အရေးရသွားသေး တယ်၊ငြိမ်းချမ်းရေးနာမည်ခံပြီး တရားမ၀င် လွတ်လွတ်လပ်လပ် ကိုယ်ကျိုးစီးပွားရှာတယ်။
KIO ငြိမ်းချမ်းရေးယူပြီးဘာလုပ်လဲ?
၁၉၉၄ ငြိမ်းချမ်းရေးယူပြီးကတည်းက ၂၀၁၁ အစိုးရတပ်တွေနဲ့ တိုက်ပွဲမဖြစ်ခင် အထိ ကချင်ပြည်နယ်မှာရှိသမျှသစ်တွေအကုန်ခုတ်တယ်။ဘိန်းစိုက်တယ်။ဖားကန့်၊တောမှော်၊လုံခင် ကချင်ပြည်နယ်မှာရှိသမျှ ကျောက်စိမ်းမှော်၊ရွှေမှော်တွေကနေ ကျောက်စိမ်းနဲ့ရွှေတွေကို အဖွဲ့အစည်းအမည်ခံတူးတယ်။ ကျောက်စိမ်း၊သစ်၊ရွှေတွေကို တရုတ်ပြည်ခိုးထုတ်တယ်၊ ကချင်ပြည်နယ်မှာရှိသမျှစည်းပွားရေးလုပ်ငန်းလိုင်စင်တွေကို ငြိမ်းချမ်းရေးအဖွဲ့အမည်ခံနဲ့ လက်ဝါးကြီးအုပ်ပြီး အကုန်လုပ်တယ်။ တရုပ်ပြည်ကနေမြန်မာပြည်ဝင်သမျှ မှောင်ခိုပစ္စည်း၊ အထည်အလိပ်၊လူသုံးကုန် တွေကို အဖွဲ့အစည်းအမည်ခံကားတွေနဲ့ မူဆယ်လမ်းကြောင်းက သွင်းတယ်။ဗန်မော်လမ်းကြောင်းကသွင်းတယ်။ ငြိမ်းချမ်းရေးအဖွဲ့အစည်းကလူ၊ကား တွေဆိုတော့ လမ်းမှာ ဘယ်အဖွဲ့ကမှ မစစ်ဘူး။ နှစ်ကာလကြာလာတော့ ပြည်သူတွေကမွဲသထက်မွဲ၊ ဘာမှ လုပ်စားစရာမရှိတော့ဘူး၊ KIO က တဖြည်းဖြည်းချမ်းသာလာတယ်။ ပြီးတော့လိုင်ဇာကိုခွထိုင်၊ တရုတ်နဲ့ပေါင်းလက်နက်တွေစု၊အင်အားတောင့်တင်းအောင်လုပ်တယ်၊ငြိမ်းချမ်းရေးဆိုတာကြီးကို ကိုင်ထားပြီး တစ်ချိန်ချိန်မှာ အစိုးရနဲ့ အဆင်မပြေရင် ငြိမ်းချမ်းရေး ဖျက်ပြီး ပြန်တိုက် ဖို့ ကောင်းကောင်းအားမွေးထားတယ်။
UWSA ငြိမ်းချမ်းရေးယူပြီးဘာလုပ်လဲ?
UWSA ဘာပြောကောင်းမလဲ၊အထက်ကနည်းလမ်းအတိုင်းဘဲ၊ ပန်ဆန်းကို မြို့တည်ပြီး ”၀”နယ်တစ်ခုလုံးကို ဘိန်းစိုက်တယ်။တရုတ်နယ်စပ်မှာရှိသမျှ မှောင်ခို လုပ်ငန်း အကုန်လုပ်တယ်။ ”၀”နယ်တင်မကဘူး၊ မိုးကုတ်၊မိုင်ရှုးလို ရတနာမြေတွေမှာပါ အစိုးရဆီကနေလုပ်ကွက်တောင်ပြီး ကျောက်ကုမ္ပဏီတွေထောင်တယ်၊မန္တလေး၊ရန်ကုန်မြို့ကြီးတွေမှာ အကြီးစားလုပ်ငန်းလိုင်စင်တွေ အစိုးရဆီကနေငြိမ်းချမ်းရေးအမည်ခံတောင်းပြီး အကြီးအကျယ်လုပ်တယ်။ ”၀” ဆိုတဲ့လူမျိုးတွေမှာ ခေါင်းဆောင်နေတာက တရုတ်တွေကြည့် ဘဲဆိုတော့ ဘယ်လောက်အထိစီးပွားရေးသောင်းကျန်းသလဲဆိုရင် တစ်နိုင်ငံလုံးမှာရှိတဲ့ သားသတ်လိုင်စင်တွေပါ မောင်ပိုင်စီးထား လိုက်သေးတယ်။ စည်းပွားရေးလဲတောင့်တင် လာ၊အင်အားလည်းတောင်းလာ၊အားမွေထားတာလည်းကြာပြီ ဆိုတော့ ဟိုတစ်လောက ကိုယ်ပိုင်အုပ်ချုပ်ခွင်းရပြည်နယ်ပေးထားတာတောင် မကြေနပ်သေးလို့ ပြည်နယ်ပါ ထတောင်း လိုက်သေးတယ်။ ထိုးနည်းလည်းကောင်းဘဲအစိုးရကို ပြန်တိုက်ဖို့ ကောင်းကောင်း အားမွေးနေတယ်။
PNO,PNA ငြိမ်းချမ်းရေးယူပြီးဘာလုပ်လဲ?
PNO, PNA ပအိုဝ့် အဖွဲ့တွေ ငြိမ်းချမ်းရေးယူပြီးတော့ ရော ဒီလမ်းစဉ်ပါဘဲ၊ PNO, PNA အမည်ခံတဲ့ ကျောက်ကုမ္ပဏီတွေ မိုင်းရှူး၊မိုးကုတ်၊ဖားကန့် ရတနာမြေတွေမှာ ထောင်တားတယ်။ ရှမ်းပြည်နယ်က ကျောက်တလုံး၊ဆီဆိုင်၊ဘန်ယဉ်၊နောင်ထော်၊ကျောက်တန်း၊လွိုင်လင်၊စတဲ့ ပအို့ဝ် နယ်မြေတွေမှာ ဘိမ်းစိုက်တယ်၊ တရားမ၀င်သစ်၊ခဲ၊ခနောင်စိမ်တွေ ငြိမ်းချမ်းရေးအဖွဲ့ အစည်းအမည်သုံးပြီးခိုးထုတ်တယ်။ကိုယ်ကြိုးစီးပွားရှာတယ်။ ပအို့ဝ် အဖွဲ့ကတော့ တစ်ဘက်က ရှမ်းရဲ့ရန်ကို ကြောက်ရတာရယ်၊လူမျိုးစုအနေနဲ့ ရှမ်းလောက်များတာရယ်နဲ့ငြိမ်းချမ်းရေးယူထားမှ ကိုယ်ကျိုးစည်းပွားရှာရတာ ပိုအဆင်ပြေမှာတွေကိုတွက်ချက်ပြီး စည်းပွားရေးတောင့်တင်း လာတော့ အဖြူရောင်နယ်ပယ်ထဲကို လုံးလုံးဝင်ရောက်ဖို့ အသားပေးထားပါတယ်။ ကျောက်စိမ်း နဂါးလို့နာမည်ကြီးပြီးလူသိများတဲ့ ဦးနေ၀င်ထွန်းဆိုရင် သူ့သမီးတောင် အဆိုတော်
ဇော်ဝင်းထွဋ် သား အီတိုနဲ့ ပေးစားထားလိုက်သေးတယ်။
DKBA ငြိမ်းချမ်းရေးယူပြီးဘာလုပ်လဲ?
မြ၀တီ၊မဲစောက် လမ်းကို အပိုင်စီးပြီး ကြောထောင့်နောက်ခံ မတရားစီးပွားရှာတယ်။ မြ၀တီဘက်ကနေ မှောင်ခိုဝင် သမျှ ပစ္စည်းတွေရဲ့ ၉၅ % ဟာ DKBA အဖွဲ့စည်းကသွင်းတာတွေကြည့်ဘဲ၊ နောက်တစ်ခုက အဲ့ဒီလမ်းပေါ်မှာ တရားဝင် လက်နက် ကိုင်ပြီး စက်ကြေးကောက်တယ်၊မြန်မာဘက်ကနေ ထိုင်းနိုင်ငံထဲကို လူကုန်ကူးတယ်၊ သစ်ခိုးထုတ်တယ်၊ကျွဲ၊နွား မှောင်ခို လုပ်တယ်၊ သူ့တို့လိုချင်တဲ့ အခွင့်အရေးမပေးရင် တောထဲပြန်ဝင်မယ်။ ၂၀၁၀ မှာ စောလှဘွယ် တောထဲပြန်ဝင်သွားတာတဲ့ သာဓက ကိုကြည့်ရင် ဘာလဲဆိုတာ အထင်အရှားကြီးပေါ်နေတာဘဲ၊ တပ်မတော်က မိအေးနှစ်ခါ နာတယ်။
MTA,SAA နဲ့ ရှမ်းအဖွဲ့တွေရောဘာလုပ်လဲ?
SSA တောင်ပိုင် ၀မ်ဟိုင်းနဲ့ မြောက်ပိုင်း စိန်ကျော့ မှာ ၂ နေရာခွဲပြီး ပြည်သူတွေဆီက အဆီအနှစ် တွေအကုန် စုပ်တယ်၊ ရှမ်း၊ပအိုဝ့် ရွာတွေမှာ ဘိမ်းစိုက်ခိုင်းတယ်၊ ၁၂ လပိုင်းဘိမ်းရာသီဆိုရင် ဘိမ်းလိုက်သိမ်းပြီး တရုတ်နဲ့ ထိုင်းကိုပို့တယ်၊သစ်၊ခနောက်စိမ်း၊ကျောက် မှောင်ခိုအကြီးအကျယ်လုပ် တယ်၊ ရှမ်းတောင်က နမ့်စန် မြို့မှာ ဆိုရင် အဖွဲ့အစည်းတွေ နာမည်ခံပြီး စည်းပွားရေးတွေလုပ်နေတာ ဘာတွေမှန်းကို မသိတော့အောင် ရှိသမျှအကုန်လုပ်တယ်၊ MTA နားရိုင်း၊ SSS၊ ရလလဖ နဲ့ အမျိုးပေါင်း များစွာကွဲနေတဲ့ ရှမ်းပြည်နယ်က ငြိမ်းချမ်းရေးအဖွဲ့တွေက တောင်ကြီးနဲ့ ကျိုင်းတုန်ဆက်ထား တဲ့ ပြည်ထောင်စုလမ်းမကြီးကို ကြောထောင့်နောက်ခံပြုပြီး ထိုင်းနဲ့ တရုတ်က က ၀င်သမျှမှောင်ခိုပစ္စည်းတွေကို သွင်းတယ်၊
တစ်ကယ်တော့ လက်နက်ကိုင်ပြီး တိုင်းရင်းသား လူတွေရဲ့ရိုးသားမှုကို အခွင်းကောင်းယူ ကိုယ်ကျိုးရှား နေကြတာပါဘဲ၊ တိုင်းရင်းသား လူမျိုးတွေအနေနဲ့ သူတို့လူမျိုးလက်နက်ကိုင် အဖွဲ့စည်းတွေရဲ့လုပ်ရပ်နဲ့ ရည်ရွယ်ချက်ကို ဘာမှ မသိရှာဘဲ ငါတို့လူမျိုး ငါတို့ ကောင်းဖို့လုပ် နေတာပါဆိုပြီး ငါတို့ အမျိုးဆိုတဲ့ သွေးရင်းစိတ်နဲ့သာ ထောက်ခံနေကြတာဖြစ်ပါတယ်၊ ဒါတွေဟာ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့တိုင်းရင်းသား လူမျိုးတွေရဲ့ လူနေမှု အဆင့်အတန်းနဲ့ ဖွံ့ဖြိုးတိုးတက်မှု အလွန်နည်းနေသေးလို့ဘဲဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးတွေရဲ့ အတွေးအခေါ် အမျော်အမြင်နဲ့ ဘ၀တွေ ဖွံ့ဖြိုးတိုးတက်ဖို့ အလွန်လိုအပ်ပါတယ်၊ ဒါမှသာ အမှန်တရားကို နည်းလမ်း တစ်ကျတွေခေါ် ဆင်ခြင်သုံးသပ် လာနိုင်မှာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးရဖို့ဆောင်ရွက်မယ် Try to Peace ,casefire ဆိုပြီး လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး အဆင့်ဆင့် ရအောင်ဆောင်ရွက်ရင် တစ်ကယ်ဘဲ ထာဝရငြိမ်းချမ်းရေး Infinity Peace Sign ဖြစ်သွားမှာလား၊ ဒါဟာ must be မဖြစ်နိုင်ပါဘူး၊ဖြစ်ရင်တော့ ဖြစ်လိမ့်မယ် should be အဆင့်လောက်ဘဲမှန်းလို့ရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ ကိုကြည့်လိုက်ရင် နောက်ပြန်ကြည့်ပြီး သုံးသပ်ဖို့လိုပါတယ်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုမှာ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းက ထိပ်ပိုင်ခေါင်းဆောင်၊အ၀န်းအ၀ိုင်းလောက်နဲ့ ပြေလည်ယုံလောက်နဲ့ဆိုရင် ငြိမ်း ချမ်းရေး ရပြီးလို့သတ်မှတ်လို့မရပါဘူး။
ရှင်းရှင်းပြောရရင်တော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဟာ စနစ်တကျဖွဲ့စည်းတည်ဆောက်ထားတာ မဟုတ်တဲ့အတွက် ထိပ်ပိုင်းခေါင်းဆောင် တစ်ယောက်ရဲ့ အာဏာနဲ့ အမိန့်ဟာ အဖွဲ့အစည်းတစ်ခုလုံးအပေါ်မှာ သက်ရောက်မှု အပြည့်အ၀ မရှိပါဘူး၊ အပေါ်က ဒါမလုပ်နဲ့လို့  အမိန့်ပေးပေမဲ့ နီးနေတဲ့သူတွေက လိုက်နာရင်တော့လိုက်နာမယ် ။ ဒါပေမဲ့ အဝေးမှာ ရှိတဲ့ လက်အောက်ကတော့ သူတစ်လူငါတစ်မင်းနဲ့ လုပ်ချင်တာ လုပ်နေပြီး နာခံချင်မှ နာခံပါလိမ့်မယ်၊ ဥပမာ တစ်ခုပြောရရင် လက်နက်ကိုင် အဖွဲ့အစည်းမှာ အင်အားအကြီးဆုံးဖြစ်ခဲ့တဲ့ ဦးခွန်ဆာ(MTA)_ လက်နက်ချ အလင်းဝင်ခဲ့ပေမဲ့ ရှမ်းသောင်းကျန်းသူ တွေ ပျောက်မသွားပါဘူး၊ သူ့နောက်က ရွက်ဆစ်က ပြန်ထွက်သွားပြီး အခုဆို RCSS၊SSA ဥက္ကဌ ဒုဗိုလ်ချုပ်ကြီးဆိုပြီးတောင် ရှမ်းပြည်တပ်မတော် ဆိုပြီး ပြန်လည်ပြီး တစ်စခန်းထ လာခဲ့တာ မြက်ဝါးထင်ထင်ဖြစ်ပါတယ်။ ကျန်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း ဒီလိုပုံစံတွေ အများကြီးရှိနေပါသေးတယ်၊
တိုတိုပြောရရင်တော့ ငြိမ်းချမ်းရေးယူလိုက် ပြန်ဝင်လိုက် ၊ ပြန်ထွက်လိုက်နဲ့ သံသရာလည် နေပြီး တစ်ကယ်ငြိမ်းချမ်းရေး အစစ်အမှန် ရမလာပါဘူး၊ လိုက်တိုက်နေရတဲ့ တပ်မတော်ရဲ့ အင်အား၊လူ၊လက်နက်၊အချိန်နဲ့ တိုင်းပြည်ရဲ့ဘဏ္ဍာတွေ ကုန်ပါတယ်၊
အခုလည်း အစိုးရသစ်အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေ အဆက်မပြတ်ဆောင်ရွက်နေတာ တွေ့မြင်ရမှာဖြစ်ပါတယ် ဒါဆိုရင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ဆိုပြီး ငြိမ်းချမ်းရေးလက်မှတ်တွေ ထိုးပြီး သွားရင် တစ်ကယ်ငြိမ်းချမ်းသွား မယ်လို့ ပြောနိုင်ပါသလား?
မေးခွန်းထုတ်စရာဖြစ်ပါတယ်?
ဒါနဲ့တင်ရပ်နေလို့ မရပါဘူး။ ဒီနေ့ ဒီစနစ်နဲ့ ဒီခေတ်မှာ မှန်ကန်တဲ့နည်းလမ်းတစ်ခုကို သေသေချာချာစဉ်းစားအသုံးပြုဖို့ အင်မတန်လိုအပ်ပါတယ်။ မုန့်လုံးကို စက္ကူကပ်နေရင်တော့ မပြီးပြတ်နိုင်တဲ့ သောင်းကျန်းသူ သူပုန်တွေ ထာဝရတိုက်နေရတဲ့ တပ်မတော်သားတွေ အတွက် မိအေးနှစ်ခါနာပါတယ်၊ တပ်မတော်သားတွေရဲ့ အသက်၊သွေး၊ချွေးတွေကို ဦးတည်ချက်နဲ့ အဓိပ္ပါယ်မဲ့လမ်းစဉ်းကို လက်ကိုင်ပြုပြီး ကိုယ်ကျိုးရှာ သောင်းကျန်းသူအဖွဲ့အစည်းတွေကို နှိမ်နှင်းဖို့ ပေးစပ်နေရရင် တိုင်းပြည်နာပါတယ်။
 

အမှန်ဘာသာရေးပြဿနာ မဟုတ်ဘူး နယ်မြေလုတဲ့ပြဿနာ ပထ၀ီ နိုင်ငံရေးပြဿနာ

  စာရေးဆရာ ကျော်ဝင်းနှင့်မေးမြန်းခြင်း

မြန်မာ့ နိုင်ငံရေး လေ့လာ စောင့်ကြည့်သူလည်းဖြစ်၊ အမျိုးသားလွှတ်တော် နိုင်ငံရေး စီးပွားရေးနှင့် ဥပဒေရေးရာ ကော်မရှင် အဖွဲ့ဝင်လည်း ဖြစ်သူ စာရေးဆရာ ကျော်ဝင်းကို ဧရာဝတီ သတင်းထောက် ထက်နိုင်ဇော်က တွေ့ဆုံ မေးမြန်းထားသော အချက်များမှ အချို့ကို ဗဟုသုတအလို့ငှာ ပြန်လည်ဖော်ပြလိုက်ပါသည်။
မေး။     ။ သမ္မတနဲ့ လွှတ်တော်အကြားမှာ အမြင်မတူတာတွေ ရှိတယ်၊ ပွတ်တိုက်မှုတွေ ရှိလာတယ်၊ အာဏာရပါတီ ကြံ့ခိုင်ရေးပါတီနဲ့ စစ်တပ် ကိုယ်စားလှယ်တွေ အကြားမှာတောင် အမြင်မတူဘဲ သဘောထား ကွဲလွဲမှုတွေ ဖြစ်လာတယ် ဆိုတဲ့ ဝေဖန်မှုတွေ ရှိနေတော့ တိုင်းပြည်က နောက်ကြောင်းပြန်လှည့် ပြီးတော့ စစ်တပ်က အာဏာပြန်သိမ်းတာမျိုးအထိ ဖြစ်လာနိုင်မလား။
ဖြေ။     ။ ယျေဘုယျ ပြောရင်တော့ Power Elite ပေါ့။ Elite ဆိုတဲ့စကားက စပြောရမယ်။ Elite ကို ဗမာ လက်ဝဲသမား တွေက လူ့မလိုင်တို့၊ ရေပေါ်ဆီတို့ ဆိုပြီး သုံးတယ်။ မကြိုက်တဲ့ အဓိပ္ပာယ်နဲ့ ဘာသာပြန်ကြတယ်။ အဲဒါက အရာခပ်သိမ်း မမှန်ပါဘူး။ Elite ဆိုတာက အစုအဝေး တခုမှာ လုပ်ပိုင်ခွင့် အာဏာအရ သူများထက် ခေါင်းတလုံး မြင့်တဲ့သူ။ Political Elite လို့ ပြောရင် နိုင်ငံရေးသြဇာမှာ သူများထက် ခေါင်းတလုံး မြင့်တဲ့သူကို ပြောတာ။ မြန်မာပြည်မှာ Political Elite လို့ပြောရင် ဒေါ်အောင်ဆန်းစုကြည်ပေါ့။ Power Elite က အခု အစုအနေနဲ့ ၃ စု ကွဲနေတယ်လို့ ပြောနိုင်တယ်။ တစုကတော့ သမ္မတ ဦးသိန်းစိန် အမှူးပြုတဲ့ အုပ်ချုပ်ရေး အာဏာပေါ့၊ တစုကတော့ ဦးရွှေမန်းတို့ ဦးခင်အောင်မြင့်တို့ ဦးဆောင်တဲ့ လွှတ်တော် အစုပေါ့၊ နောက်တစုကတော့ တပ်ပေါ့။
အခု ပြန်ကြည့်တော့ တပ်က ဘယ်နိုင်ငံရေး ပါတီနဲ့မှ မပတ်သက်ဘဲ လွတ်လွတ် လပ်လပ် နေတဲ့ သဘောရှိတယ်။ ဒါကြောင့် လွှတ်တော်မှာ မဲပေးတဲ့ ပုံစံတွေကြည့်ရင် USDP က တင်လည်း တပ်က သူ့မူနဲ့သူပဲ။ အစိုးရက တင်တဲ့ဟာတွေလည်း သူ့မူနဲ့သူပဲ။ တပ်က တစုံတရာ လွတ်လပ်လာတယ်လို့ ယူဆရမယ်။ဒါက တိုင်းပြည်အတွက် ကောင်းတဲ့ လက္ခဏာလို့ ထင်တယ်။
တပ်ရဲ့ ရပ်တည်မှုကို ကျနော် အကဲခတ်ရသလောက်တော့ တပ်က ဒို့တာဝန်အရေးသုံးပါးနဲ့ အခြေခံဥပဒေ ကာကွယ်စောင့်ရှောက်ရေး ဆိုတဲ့ အပေါ်မှာ ထိုင်ထားတယ်။ ထိုင်ထားတယ်လို့ ယူဆရတယ်။ ဆိုတော့၊ ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်လာတဲ့ ဘောင်အထိ အတိုက်အခံဘက်က တောင်းခဲ့ရင်၊ ဒါမှမဟုတ် အခြေခံဥပဒေကို လုံးဝဖျက်သိမ်းပြီး အသစ်ရေးရမယ် ဆိုတာမျိုး တောင်းခဲ့ရင်တော့ တပ်က တခုခု တုန့်ပြန်လိမ့်မယ်။ ဒါဆိုရင်တော့ တပ်နဲ့ ထိပ်တိုက်တွေ့နိုင်တယ်။ မြန်မာ့နိုင်ငံရေးမှာ တပ်ရဲ့ သဘောတူညီမှုမရှိဘဲနဲ့ ဘာမှလုပ်လို့မရဘူး။
မေး။     ။ အခု တိုင်းပြည် ပြုပြင်ပြောင်းလဲရေးက ၂၀၁၅ ကို စောင့်ကြည့်ရတော့မယ်၊ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD သာ Landslide နိုင်ခဲ့ရင် အခု ဒီမိုကရေစီ အသွင်ကူးပြောင်းမှုက ချောမွေ့ပါတော့မလား၊ စစ်တပ်က နိုင်ငံရေးမှာ ပြန်ပါလာ နိုင်လား၊ လက်ရှိအာဏာရ ကြံ့ခိုင်ရေးပါတီကရော ရွေးကောက်ပွဲကို လွတ်လွတ်လပ်လပ်၊ တရားမျှတစွာနဲ့ လုပ်ပေးပါ့မလား။
ဖြေ။     ။ ၂၀၁၅ မရောက်သေးခင် ဘာဖြစ်မလဲဆိုတာတောင် မရေရာလှဘူး။ သူမတိုင်ခင်မှာ အရေးကြီးတဲ့ ပြဿနာတချို့ကို အရင် အဖြေ ရှာနိုင်ဖို့လိုတယ်။ အဲဒါက အခြေခံဥပဒေ ပြောင်းလဲရေးနဲ့ ဖက်ဒရယ် ကိစ္စပဲ။ တပ်နဲ့ထိပ်တိုက် တွေ့နိုင်မယ့်၊ တနည်း ပြောရရင် တပ်ကပြောထားတဲ့ ဘောင်ထက် ကျော်ပြီးတော့ တောင်းလို့ရှိရင် ပြဿနာ ရှိနိုင်တယ်။ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်ကိုပဲ တမျိုးတမည် ဖြစ်သွားနိုင်တယ်။
မေး။     ။ ကျနော်တို့နိုင်ငံမှာ ၁၉၆၂ ခုနှစ်ကစပြီး စစ်တပ်က နိုင်ငံရေးကနေ တဖဝါးမှ မခွာခဲ့ဘူး။ အခုချိန်အထိပဲ ဆိုတော့ သူမပါရင်ကို အပြောင်းအလဲ လုပ်လို့မရဘူးဆိုတဲ့ ယူဆချက်မျိုးတွေကလည်း ရှိနေတော့ တချို့ သုံးသပ်တာက စစ်တပ်က အာဏာသိမ်းစရာ မလိုပါဘူးတဲ့။ အခုတိုင်းပြည်ကို အုပ်ချုပ်နေတာက ဗိုလ်ချုပ်ဟောင်းတွေ။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ မှာလည်း ၀န်ကြီးချုပ်တွေက စစ်တပ် အငြိမ်းစားတွေ။ နောက် ဌာနဆိုင်ရာတွေမှာ အရာရှိတွေကလည်း တပ်က မိုးကျ ရွှေကိုယ်တွေ။ အစိုးရ၀န်ကြီးတွေကို ကြည့်လည်း တပ်က အများစုဆိုတော့ အာဏာထပ်သိမ်းဖို့ လိုသေးလားဆိုတဲ့
မေးခွန်း ဖြစ်လာတော့ ဘယ်လိုမြင်လဲဆရာ။
ဖြေ။     ။ ဗမာပြည်မှာ တပ်က နိုင်ငံရေး မက်ထရစ်ထဲကို ရောက်နေတာ ကြာလှပြီ။ တိတိကျကျ ရောက်လာတာတော့ ၆၂ ခုနှစ် ပေါ့။ အဲဒီမတိုင်ခင် ၅၈ ခုနှစ် မှာလည်း တပ်က တခါရောက်တယ်။ အဲဒီမတိုင်ခင်လည်း တပ်ကသြဇာ ကြီးတယ်။ ဘာလို့လဲ ဆိုတော့ ပြည်တွင်းစစ် ဖြစ်နေလို့။ ပြည်တွင်းစစ်ဖြစ်နေတဲ့ တိုင်းပြည်မှာ စစ်တပ်အင်အား ကြီးတာ သဘာဝ ကျတယ်။ တပြိုင်နက်တည်းပဲ စစ်ဖြစ်နေရင် စစ်ဘောင်ကျယ်မယ်၊ စစ်ဘောင်ကျယ်ရင် ဒီမိုကရေစီ ဘောင်ကျဉ်းမယ်။ ဒါကတော့ Reality ဆိုတော့ ကျနော်တို့ မတတ်နိုင်ဘူး။ ကျနော်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ စစ်တပ်နဲ့တော့ Deal လုပ်နိုင်ရမယ်။
ခုနက မေးခွန်းကို ပြန်ဆက်ရရင် အမှန်ပဲ။ အခု အပြောင်းအလဲကိုတောင် စလိုက်တာက အရင်အစိုးရ၊ တည့်တည့်ပြောရရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ။ သူခွင့်ပြုလို့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာ ဖြစ်လာတာ။ သူခွင့်မပြုရင် ဘာမှ မတတ်နိုင်ဘူး။ အဲဒီအောက်မှာ အရင်အစိုးရက လူဟောင်းတွေ အာဏာဆက်ယူတာလည်း အမှန်ပဲ။ သို့သော် ဒါကို ရန်လုပ်နေလို့ မရဘူး။ သူ့ဟာသူ သဘာဝကျကျ ဖြစ်လာတဲ့ အချင်းအရာ။ အဲဒီတော့ ပြဿနာက အဲဒီလူတွေ အနေနဲ့က တဘက်က လူတွေ တောင်းတာ တွေကို မလိုက်လျောဘဲ တောင့်ခံမယ် ဆိုရင် စစ်တပ်က အာဏာပြန်သိမ်းစရာ မလိုဘူး။ အဲဒီလူတွေ ကိုယ်တိုင်က တဘက်က အလွန်အကျွံ တောင်းဆိုလာရင်၊ အလွန်အကျွံလို့ ပြောရတာလည်း ကောင်းတော့ မကောင်းဘူး ပေါ့ဗျာ။ စံအရ ပြောရရင်တော့ လွန်တယ်ကျွံတယ် မရှိပါဘူး။ သို့သော် လက်တွေ့မှာ အန္တရာယ်ရှိလို့ ကျနော်က အလွန်အကျွံလို့ ပြောတာ။ လက်ရှိ ခေါင်းဆောင်တွေက အလွန်အကျွံ တောင်းဆိုတာတွေ လက်ခံလိုက်ရင် တပ်က ၀င်ပါနိုင်တယ်။
အခုတပ်က အခြေခံဥပဒေ ဖျက်ပစ်၊ အသစ်ပြန်ဆွဲ ဆိုတာမျိုးကို လက်ခံလက်မခံ မသေချာဘူး။ လက်ရှိ ခေါင်းဆောင်တွေကလက်မခံဖို့ များတယ်။ ဒါပေမယ့် ကံသေကံမ ပြောမရဘူး။ ဘာလို့လဲ ဆိုတော့ ကျနော်သတိပြုမိတာ တခုရှိတယ်။ လွှတ်တော် ခေါင်းဆောင်တွေရော၊ အစိုးရအဖွဲ့က ခေါင်းဆောင်တွေရော တော်တော်များများဟာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေမှာ ဦးဆောင်မှု ရချင်တယ်။ တနည်းပြောရရင် ဒီမိုကရေစီ ချန်ပီယံ ဖြစ်ချင်နေကြတယ်။
အဲဒီစိတ်က လွန်ကဲသွားလို့ရှိရင် လိုက်လျောမှုတွေ များသွားနိုင်တယ်။ လိုက်လျောမှုတွေ များသွားရင်တော့ တပ်ကလည်း အခြေခံဥပဒေ စောင့်ရှောက်ရေးနဲ့ ဒို့တာဝန်အရေး ၃ ပါး ထိပါးလာတဲ့ဘက် ရောက်သွားနိုင်တယ်။ အဲဒီလို ရောက်သွားရင် တော့ စစ်တပ် ပါလာနိုင်တယ်။ မရောက်သရွေ့ကတော့ မပါနိုင်ဘူး။ ဒါကြောင့်မိုလို့ အာဏာသိမ်းမလား၊ မသိမ်းဘူးလား ဆိုတာ ကံသေကံမ ပြောလို့မရဘူး။ ဘက်ပေါင်းစုံ ကြည့်ဖို့လိုမယ်။ အထူးသဖြင့် ရယ်ဒီကယ် ထောင်ခြောက်ထဲကို လိမ့်မကျဖို့ အရေးကြီးတယ်။
မေး။     ။ အခုနောက်ဆုံး သိချင်တာက သမ္မတ ဦးသိန်းစိန် လက်ထက်ရောက်မှ သိသာလာတဲ့ ပြဿနာပေါ့။ အဲဒါက ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေ အကြောင်းပါ။ ဒီကြားထဲ မရိုးသားတဲ့သူတွေက ကောလာဟလတွေ ထုတ်တယ်။ လူတွေက ဒေါသတွေ ထွက်ကြ။ လိုအပ်တာထက် ပိုတုန့်ပြန်ကြတယ်။ အစိုးရကလည်း ကောင်းကောင်း မကိုင်တွယ်နိုင် သေးဘူး။ မိတ္ထီလာ ဖြစ်စဉ်မှာဆိုရင် ရဲတွေရပ်ကြည့်နေတဲ့ ဗီဒီယိုတွေ ထွက်လာတယ်။ အမျိုးသားရေးဟာ အာဏာရှင်တွေရဲ့ နောက်ဆုံး ခံတပ် ဖြစ်လာပြီလား။ ဒီဖြစ်စဉ်တွေက ရိုးသားမှုကော ရှိရဲ့လား။
ဖြေ။     ။ ဆရာတော် ဦးဝီရသူတို့ ဘာတို့ ကိစ္စတွေကိုတော့ ကျနော်က ဗုဒ္ဓဘာသာဖြစ်လို့ သိပ်မဝေဖန်ချင်ဘူး။ သတိတခုတော့ ပေးချင်တယ်၊ ဘာသာရေးနဲ့ နိုင်ငံရေး ရောထွေး မကျင့်သုံးမိစေဖို့ပါ။ ခင်ဗျားတို့ ပြောတဲ့ မိတ္ထီလာမှာ ရဲတွေက ရပ်ကြည့် နေတယ်ဆိုတာ ကျနော်ကြားတဲ့ သတင်းက တမျိုး၊ ခင်ဗျားပြောတဲ့ သတင်းက အနောက် မီဒီယာတွေက ဖွတာ။ အနောက် မီဒီယာတွေ မရိုးသားဘူး။ မလေးရှားမှာ ကျနော်တို့ အသတ်ခံရတာ၊ မုဒိန်းအကျင့် ခံရတာတွေကျတော့ ရည်ရွယ်ချက် ရှိရှိ မှိန်ထားတယ်။
မိတ္ထီလာ ကိစ္စဆို ကျနော်ကြားတာက သိပ်ပြီးတော့ သွေးပူနေတဲ့ လူတွေက ဆိုင်တဆိုင်ကို မီးရှို့မယ် လုပ်တယ်၊ အဲဒီတော့ ရဲကထိန်းတယ်၊ ထိန်းလို့မရတော့ နောက်ဆုံး ခွင့်ပြုလိုက်ရတယ်။ ဒါပေမယ့် တခြားဟာ မလောင်စေနဲ့လို့ဆိုပြီး အဲဒါကို ရပ်ကြည့် နေရတယ်။ အဲဒီဓာတ်ပုံတွေကို ရည်ညွှန်းပြီးတော့ သတင်း တမျိုးလုပ်လိုက်တယ်လို့ ကြားတယ်။ ဘယ်ဟာ အမှန်ဆိုတာတော့ မသိဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် အစိုးရက ရည်ရွယ်ချက်ရှိရှိ လွှတ်ပေးတယ်ဆိုတဲ့ စွပ်စွဲချက် ကိုတော့ ကျနော် လက်မခံဘူး။
လူမျိုးရေး အဓိကရုဏ်း ဆိုတာ အာဏာရှင်တွေရဲ့ လုပ်ကွက်ဆိုတဲ့ အယူအဆ ရှိကြတယ်။ အခါခပ်သိမ်း မမှန်ပါဘူး။ အခု လောလောဆယ် မဖြစ်နိုင်ဘူး။ အစိုးရက ဘယ်တုန်းကမှ မရဘူးတဲ့ နိုင်ငံတကာ ထောက်ခံမှု ရနေတဲ့ အချိန်မှာ ကိုယ်ရပြီးသား ထောက်ခံမှုကို ဆုံးရှုံးအောင် မလုပ်ဘူး။ ကျနော်ကတော့ အစိုးရရဲ့ ပယောဂ မပါဘူးလို့ ထင်တယ်။ ပြီးတော့ ကျနော်တို့ အတိုက်အခံ တချို့က ပြဿနာဆိုးဆိုးဝါးဝါး မဖြစ်ခင်က အစိုးရမပါနဲ့၊ စစ်တပ် မပါနဲ့ဆိုတဲ့ အသံတွေနဲ့ ဟန့်တယ်၊ စစ်တပ်က မပါဘဲနေတဲ့ အခါကျတော့ စစ်တပ်ကို လုံခြုံရေး တာဝန်ယူတာ ညံ့တယ်လို့ ဝေဖန်တယ်။ အဲဒါက အစိုးရဆိုရင် ဆဲရမယ် ဆိုတဲ့ သမားရိုးကျ အမြင်က လာတယ်။ ဒါက Radical လမ်းကြောင်းက လာတဲ့ဟာ။ အစိုးရ ပယောဂ ပါတယ် ဆိုတာ လက်မခံပေမယ့် ဒီပြဿနာက ပယောဂတော့ သေချာပေါက် ပါတယ်။ ဘယ်သူတွေ ဆိုတာတော့ အထောက်အထား မရှိလို့ လက်လွတ်စပယ် မပြောချင်ဘူး။ သေချာတာကတော့ ဗမာပြည်ရဲ့ အလွန်ကောင်းမွန်တဲ့ အပြောင်းအလဲကို မလိုလားတဲ့ အင်အားစုတွေရဲ့ ပရောဂ ပါနိုင်တယ်၊ နောက်တခုက နိုင်ငံတကာ အကြမ်းဖက်မှု ပယောဂ ပါနိုင်တယ်။ နိုင်ငံတကာ အကြမ်းဖက်မှုက ၂၁ ရာစု အစောပိုင်းမှာ အဓိက ထားတာက ဖွံ့ဖြိုးပြီး နိုင်ငံတွေ၊ အခုသူတို့ ပစ်မှတ် ပြောင်းလာတယ်။ နိုင်ငံကြီးတွေမှာ အကြမ်းဖက်မှုတွေ လုပ်ဖို့ သူတို့ မတတ်နိုင်တော့ဘူး။ ကျနော်တို့လို ဖွံ့ဖြိုးဆဲ နိုင်ငံတွေ ဘက်ကို Target ရွေးလာတယ်။
ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာမှ သူတို့ပိုကြိုက်တာက အစိုးရနဲ့ ပြည်သူအကြားမှာ ယုံကြည်မှု ပျောက်နေတဲ့ Fail State တွေ။ အဲဒီ Concept က စဉ်းစားရင် နိုင်ငံတကာ အကြမ်းဖက်မှု ပယောက ပါကောင်း ပါနိုင်တယ်။ ဒီပြဿနာက တော်တော် ရှုပ်ထွေးတယ်၊ တော်တော် သိမ်မွေ့တယ်၊ လက်လွတ်စပယ် လုပ်လို့မရဘူး၊ ကျနော်တို့ သတိကြီးကြီး ထားရမယ်။ ကျနော်တို့က ဒီကိစ္စကို ဘာသာရေး ပြဿနာအနေနဲ့ တုန့်ပြန် လိုက်ရင် တစ်ဘက်က အကြိုက်ဖြစ်သွားမယ်။ အမှန်က ဘာသာရေး ပြဿနာ မဟုတ်ဘူး၊ နယ်မြေ ပြဿနာ၊ ပထ၀ီနိုင်ငံရေး ပြဿနာ။

From : .... ဧရာဝတီ